ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရမှုဟာ အလွယ်တကူမေ့ပျောက်မယ့်အရာမဟုတ်တဲ့အပြင် ကျူးလွန်သူများကို ထိုက်သင့်စွာအရေးယူပေးဖို့ ကာဒီနယ်ချားလ်စ်ဘို တိုက်တွန်း
ဖေဖော်ဝါရီလ ၁၆ ရက်။ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး Father Donald Martin ကိုဓားဖြင့်ခုတ်သတ်မှုဟာ အလွယ်တကူ မေ့ပျောက်မယ့်အရာမဟုတ်တဲ့အပြင် ကျူးလွန်သူတို့အား ထိုက်သင့်တဲ့ အရေးယူခြင်းနဲ့ တရားမျှတမှုဖော်ဆောင်ပေးကြပါလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌ ကာဒီနယ် ချားလ်စ်ဘို ကတိုက်တွန်းကြောင်း မနေ့ဖေဖော်ဝါရီလ ၁၅ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Father Donald Martin ရဲနိုင်ဝင်းဟာသက်တော် ( ၄၄ နှစ်)၊ ၀ါတော် (၇ နှစ်) ရှိပြီဖြစ်တယ်လို့ သိရပြီးစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာမှာ တာဝန်ကျသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညမှာ လက်နက်ကိုင်တစ်စုက ဓားနဲ့ ခုတ်ဖြတ်လို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဘုန်းတော်ကြီးဟာ ဘုရားကျောင်းအတွင်းမှာ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး လည်ကုတ်နဲ့ ရင်ဘတ်တွေမှာ မသေမချင်းခုတ်ဖြတ်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးတယ်လို့သိရပါတယ်။ ဘုန်းတော်ကြီးကိုသတ်ဖြတ်သူများဟာ…

