ကလေး-ဂန့်ဂေါ လမ်းပေါ်က စစ်ကောင်စီတပ်စခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီး၊စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေ
ဖေဖော်ဝါရီလ ၁၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါကားလမ်းမပေါ်ကကမ်းပါးနီတံတားတပ်စခန်း၊မှန်တော၊ အောင်သာယာ နဲ့ နဂါးမောက်ခြံ ကျေးရွာက စစ်ကောင်စီတပ်စခန်း ၄ ခုကို CDF – KKG(Kalay-Kabaw-Gangaw) ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၁ ပတ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ CDF – KKG ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ CDF – KKG ကပြောရေးဆိုခွင့်ရှိသူတစ်ဦးက “စစ်ကောင်စီတပ်ရဲ့ ကမ်းပါးနီ အထိုင်စခန်းကြီးတစ်ခု၊ အသေးလေးတွေက ၃ ခုကို သိမ်းပိုက်နိုင်ပြီ အဲဒီတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁ ဦးဖမ်းဆီးရမိတယ် သိမ်းဆည်းရမိတဲ့လက်နက်တွေကတော့ စိစစ်လို့မရသေးဘူး တိုက်ပွဲတွေက လက်ရှိငြိမ်နေပါတယ် ဒါပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေတော့…

