အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ်နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ မြန်မာ ပါဝင်နေ
မတ်လ ၁၅ ရက်။ Trump အစိုးရအဖွဲ့ဟာနိုင်ငံပေါင်းဒါဇင်နှင့်ချီသော နိုင်ငံသားများအတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်အသစ်တစ်ရပ်ကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ် နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ မြန်မာ ပါဝင်နေကြောင်း Reuters သတင်းအရ သိရပါတယ်။ အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက စာရင်းတွင် အပြောင်းအလဲများ ဖြစ်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio အပါအဝင် အုပ်ချုပ်ရေးအဖွဲ့မှ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သတိပေးထားပါတယ်။ ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ် နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ နိုင်ငံပေါင်း ၄၃ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲပြီး စာရင်းပြုစုထားပါတယ်။ အမေရိကန်ကို ဝင်ရောက်ခွင့် လုံးဝကန့်သတ်ထားတဲ့ အနီရောင်စာရင်းမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံထိ ပါဝင်နေပြီး အာဖဂန်နစ္စတန်၊ ဘူတန်၊…

