စစ်ကိုင်းဖိုရမ်(စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီထုတ်ပြန်
မတ်လ ၂၄ ရက်။ စစ်ကိုင်းဖိုရမ်(စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများအပေါ် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်ကို မတ်လ ၂၄ ရက်မှာထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများအပေါ်ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်မှာ၁။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့်၊ယခင် ကလေးမြို့ပြည်သူလူထုသပိတ်ကော်မတီ စတင်ဖွဲ့စည်းခဲ့စဉ်က အတည်ပြုခဲ့သော ၊ ပင်မကြွေးကြော်သံ ဖြစ်သည့်(၁) စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ပပျောက်ရေး၊(၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းရေး၊(၃)ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ် ပေါက်ရေး ၊(၄)အရပ်သား အစိုးရ ပေါ် ထွန်းရေး တို့ကို ကလေးဒေသခံမိဘပြည်သူတရပ်လုံးနှင့်အတူ ယနေ့အထိ စွဲကိုင်ချီတက်လျက်ရှိ ကြောင်း၊၂။ ကျွန်ုပ်တို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီသည်အရပ်သားပြည်သူပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံကာလ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုးတက်ဖြစ်ထွန်းနေသော…

