ပလက်ဝကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း၊ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနဲ့ စည်းမျဉ်းတွေကို ရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့ပြီလို့ IKACC/PC ထုတ်ပြန်
မတ်လ ၈ ရက်။ ပလက်ဝကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း၊ IKACC/PC ၏ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနဲ့ စည်းမျဉ်းတွေ၊ ကာကွယ်ရေးမှုဝါဒနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းတွေကို ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ(IKACC/PC)ရဲ့ (တတိယအကြိမ် နှစ်ပတ်လည်ညီလာခံမှာ ရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့တယ်လို့ မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၊ ပလက်ဝကောင်စီရဲ့ တတိယအကြိမ် ညီလာခံကို မတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး (IKACC/PC) အလုပ်အမှုဆောင်တွေ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေ၊ တပ်မှူးတွေ ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ကျေးရွာကိုယ်စားလှယ်တွေနဲ့ လေ့လာသူ စုစုပေါင်း ၃၀၆ ဦး တက်ရောက်ခဲ့တယ်လို့လည်း IKACC က ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း အဏာရှင်စနစ်မှန်သမျှပပျောက်ရေး၊…

