Headlines

မင်းတပ်မြို့နယ်ကို မနေ့ညက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ၈ လသားကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၆ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

ဧပြီလ ၁၀ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊တိုက်နယ် ၄ တစ်နေရာကို စစ်ကောင်စီက မနေ့ဧပြီလ ၉ ရက်နေ့ညမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၈ လသားကလေးငယ်အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရ့ပါတယ်။ မင်းတပ်မြို့၊ တိုက်နယ် ၄ တစ်နေရာကို မနေ့ဧပြီလ ၉ ရက် ည ၈ နာရီ ၄၄ မိနစ်ဝန်းကျင်လောက်မှာ ပေါင်၅၀၀ ဗုံးနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန် အမှုတော်ဆောင် ဆရာတစ်ပါး ၊ သက်ကြီးရွယ် ၂ ဦး၊ မသန်စွမ်း ၁ ဦး၊ ၇ နှစ်သာအရွယ်၊…

Read More

6 family members including 2 children killed in military airstrike on Sai Zang village in Tedim Township, Chin State, without a fight

April 10. The military council carried out an airstrike on Sai Zang village in Tedim Township, northern Chin State, at around 11pm on April 9, without a fight, killing 6 family members including 2 children, according to Tedim residents. A local resident told Chin World Media, “The airstrike was carried out at around 11pm last…

Read More

တိုက်ပွဲမရှိဘဲ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး

ဧပြီလ ၁၀ ရက်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာကို မနေ့ဧပြီလ ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ် ၃ လုံးပြာကျကာ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံးခဲ့ရတယ်လို့ တီးတိန်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ မနေ့ည ၁၁ နာရီဝန်းကျင်လောက်မှာ ပေါင် ၁၀၀၀ ဗုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်သွားတယ် ကလေး ၅ နှစ်ရွယ်၊ ၁၀ နှစ်အရွယ် အပါအဝင် မိသားစုဝင် ၆ ဦးလုံး သေဆုံးသွားတယ် နေအိမ်တွေလည်း ၃ လုံးလောက်ပြာကျသွားတယ် ၁၀ အိမ်ကျော်လောက်က ပျက်စီးသွားတယ်” လို့…

Read More

ဖလမ်းမြို့ကိုသိမ်းနိုင်တဲ့ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်

ဧပြီလ ၁၀ ရက်။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအတွက် ချင်းညီနောင်အဖွဲ့ဝင်များနဲ့ မဟာမိတ်တပ်ဖွဲ့များအားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနဲ့ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေးအတွက် ဆက်လက်တိုက်ပွဲကြပါရန် တော်လှန်ရေးအင်အားစု အားလုံးကို တိုက်တွန်းအပ်တယ်လို့လည်း CNF က ထုတ်ပြန်ပါတယ်။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကာလရှည်ကြာတိုက်ခိုက်ခဲ့ရတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ၂၆၈ မကျရေး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၀၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့သလို စစ်ကူအင်အားလည်း အများပြားချကာ ခုခံကာကွယ်တဲ့ကြားကနေ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်(CB)…

Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကကလေးငယ်များ၊ အမျိုးသမီးနဲ့ ဒဏ်ရာရသူတွေကို ချန်ထားခဲ့ကြောင်း၊စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ထိန်းသိမ်းထားကြောင်းသိရ

ဧပြီလ ၉ ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကာလရှည်ကြာတိုက်ခိုက်ခဲ့ရတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ၂၆၈ ကို ဧပြီလ ၇ ရက်နေ့က သိမ်းပိုက်စဉ် စစ်ကောင်စီတပ်က ကလေးငယ်များ၊ အမျိုးသမီးနဲ့ ဒဏ်ရာရသူတွေကို ချန်ထားခဲ့ကာထွက်ပြေးသွားကြောင်း၊လက်ရှိ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ထိန်းသိမ်းထားတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက Chin World Media ကိုပြောပါတယ်။ “ကျနော်တို့ ဖလမ်းကို ၂၀၂၄ ခုနှစ် ၉ ရက်နေ့ကစတင်ပြီးလို့ ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ဒီအတောအတွင်းမှာ စကစ အနေနဲ့ စစ်ကူကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ တစ်ကြိမ် ၂၀၂၅ ဖေဖော်ဝါရီလမှာ တစ်ကြိမ်…

Read More

ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီလို့ ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ဧပြီလ ၉ ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်စစ်ဆင်ရေးကို ၅ လ ပြည့်တဲ့ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) က ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် (CB) မဟာမိတ်ပူးပေါင်းအဖွဲ့ တွေဖြစ်တဲ့ 96 Solider PDF, Anti- Fascist Internationalist Front (AIF),Burma National Revolutionary Army (BNRA) ,Burmese Revolutionary Technical Front (BRTF ယမ်းအဖွဲ့), Generationa Z Army (GZA) ,Giant…

Read More

ရွေးကောက်ပွဲအမီ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ ၉ ရက်နေ့နောက်ဆုံးထားလျှောက်ဖို့ ကြေညာ

ဧပြီလ ၉ ရက်။ ၂၀၂၅ ဒီဇင်ဘာလ အတွင်းကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ အချိန်မီဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ ၉ ရက်နေ့ နောက်ဆုံးထား လျှောက်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပဖို့ရှိတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်း၊ နိုင်ငံရေးပါတီများပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းတွေကို ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် အတွက် အချိန်လုံလောက်စွာ ရရှိစေရန်အလို့ဌာ ရည်ရွယ်တာဖြစ်တယ်လို့လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရသိရပါတယ်။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် ချင်းပြည်သစ်ကွန်ဂရက်ပါတီကလည်း ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မတ်လ ၆ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။ လက်ရှိ…

Read More

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေသူတွေကို စနစ်တကျစောင့်ရှောက်နိုင်ဖို့ ဥပဒေအမြန်ဆုံး ပြဌာန်းပေးဖို့ မီဇိုးရမ်ကျောင်းသားများသမဂ္ဂ (MZP)တောင်းဆို

ဧပြီလ ၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေတဲ့သူတွေကို စနစ်တကျစောင့်ရှောက် နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ဥပဒေတွေ အမြန်ဆုံးပြဌာန်းပေးဖို့ မီဇိုးရမ်ကျောင်းသားများသမဂ္ဂ (Mizo Zirlai Pawl – MZP)က ဧပြီလ ၈ ရက်နေ့က တိုက်တွန်းထားပါတယ်။ မီဇိုရမ်အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို စနစ်တကျစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေများ အမြန်ဆုံးပြဌာန်းဖို့ လိုအပ်ပြီး ဒီလိုဆောင်ရွက်နိုင်မှသာ မီဇိုရမ်ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေအကြား နားလည်မှု ပြန်လည်တည်ဆောက်နိုင်မယ်လို့ မျော်လင့်ကြောင်း MZP ကဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ ပဋ္ဋိပက္ခတွေကြောင့် မီဇိုရမ်ပြည်နယ်ကို စစ်ဘေးရှောင်လာသူဦးရေတိုးလာခြင်းနဲ့ ပက်သက်လို့ မီဇိုရမ်ပြည်သူတွေ ညီးညူနေကြတာ ကြားသိရတဲ့အတွက် စိတ်မကောင်းကြောင်း၊ စစ်ဘေးရှောင်တွေအနေနဲ့ ပြစ်မှုတစ်ခုခုကျူးလွန်ပါက ကျူးလွန်သူကို ဥပဒေအတိုင်း အရေးယူပေးဖို့နဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်လာတာနဲ့ စစ်ဘေးရှောင်တွေလို့…

Read More