
တစ်နိုင်ငံလုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ အတွက် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက် အစား လေးပုံ တစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့အချက်ကို ပြင်ဆင် ပြဋ္ဌာန်း
စက်တင်ဘာလ ၂၁ ရက်။ တစ်နိုင်ငံလုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ အတွက် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက် အစား လေးပုံ တစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့အချက်ကို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက စက်တင်ဘာ ၂၁ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၁) မှာ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီဖြစ်ပါက အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့ အချက်ကို ငြိစွန်းရင် နိုင်ငံရေးပါတီအဖြစ်…