ချင်းညီနောင်အနေဖြင့် အာရက္ခတပ်တော်နှင့် ရေရှည်လက်တွဲပြီး မိမိတို့ပန်းတိုင် ရောက်ရှိသည်အထိ အတူချီတက်သွားမယ်လို့ (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့
ဧပြီလ ၁၀ ရက်။ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၁၆ နှစ်မြောက် အာရက္ခတပ်တော်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာမှာချင်းညီနောင်အနေဖြင့်အနေဖြင့်စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းပြီး အမျိုးသား တန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ အာရက္ခဒေသနေ ပြည်သူလူထုနှင့် ချင်းပြည်သူလူထုတို့၏ အကျိုးစီးပွားတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေးတို့တွင် အိမ်နီးချင်းကောင်းပီသစွာဖြင့် အာရက္ခတပ်တော်နှင့် ရေရှည်လက်တွဲပြီး မိမိတို့၏ပန်းတိုင် ရောက်ရှိသည်အထိ အတူချီတက်သွားမှာ ဖြစ်ကြောင်း ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့(CB) မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ချင်းညီနောင်ရဲ့ မြို့သိမ်း တိုက်ပွဲများနဲ့ ပတ်သက်ပြီး ယင်း သဝဏ်လွှာတွင် “မိမိတို့နဲ့ ပထဝီနယ်မြေချင်း ဆက်စပ်လျက်ရှိတဲ့ အာရက္ခတပ်တော် အနေဖြင့် ချင်းညီနောင် (Chin Brotherhood) အား မိမိတို့ဒေသတွင် မြို့သိမ်းတိုက်ပွဲများ အောင်မြင်စွာဆင်နွှဲနိုင်သည်အထိ လေ့ကျင့်သင်တန်းပေးခြင်း၊…

