ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ ကူညီဖို့သွားတဲ့ ကလေးမြို့ကလူမူ့ကူညီရေးအသင်းအဖွဲ့တွေ စစ်ကိုင်းမြို့ကို ဒီကနေ့ နေ့လည်မှာ ရောက်ရှိနေပြီလို့သိရ
မတ်လ ၃၁ ရက်။ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်တင်ဖို့ စစ်ကိုင်းတိုင်းဒေသ၊ ကလေးမြို့ကနေ မနေ့မနက် မတ်လ ၃၀ ရက်နေ့မှာ စတင်ထွက်ခွာသွားတဲ့ ကလေးမြို့က လူမူ့ကူညီရေးအသင်းအဖွဲ့တွေရဲ့ ကားတွေ စစ်ကိုင်းမြို့ကို ဒီကနေ့ မတ်လ ၃၁ ရက် နေ့လည် ၁ နာရီခွဲလောက်မှာ ရောက်ရှိနေပြီလို့ ဇိုမီးလူငယ် လူမူ့ကူညီရေးအသင်း (ZYA) ဥက္ကဌ Ko Khup Boih က ပြောပါတယ်။ ဇိုမီးလူငယ် လူမူ့ကူညီရေးအသင်း (ZYA) ဥက္ကဌ Ko Khup Boih က “ဒီကနေ့ နေ့လည် ၁ နာရီခွဲလောက်မှာ စစ်ကိုင်းကိုရောက်တယ် လောလောဆယ် မန္တလေး ဦးတည်ခရီးပါ လိုအပ်ရင် လိုအပ်သလို လူအင်အားထပ်ဖြည့်ဖို့ရန် စီစဉ်ထားပါတယ် ကားအစီးကတော့ ၅…

