နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် အဖြစ် ဧပြီ ၁၃ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ သတ်မှတ်ကြောင်း NUG ကြေညာ
ဧပြီလ ၂ ရက်။ လက်ရှိကာလ ပူဆွေးနေရမှုများအတွက် ပြည်သူမှ ပြည်သူသို့ အချင်းချင်း အားပေးနှစ်သိမ့်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၁၃-၄-၂၀၂၅ နေ့မှ ၂၀-၄-၂၀၂၅ နေ့အထိကို နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့တွင် အင်အား ၇.၇ ပမာဏရှိ ငလျင်ကြီး (Major Earthquake) နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးနားချင်းနိုင်ငံများတွင် အသက် အိုးအိမ် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိမိတို့၏ စိုးမိုးနယ်မြေများတွင် ငလျင်ဘေးဒဏ်သင့်လူထုကို ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုများ အပြည့်အဝအားစိုက်လုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီ…

