ဇိုမီးအမျိုးသားပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထား
ဧပြီလ ၃၀ ရက်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုတဲ့ ဇိုမီးအမျိုးသားပါတီ(Zomi National Party) ကို ဥပဒေ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ လျှောက်ထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ အခုလျှောက်ထားတဲ့ ဇိုမီးအမျိုးသားပါတီအဖွဲ့ ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စီစစ်ဆောင်ရွက် လျက်ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဧပြီလ ၃၀ ရက်နေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားတဲ့ ပါတီ ၂၄ ပါတီရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ်…

