Headlines

ချင်းပြည်မှာ မြို့သိမ်းပြီးနောက် ဖြေရှင်းရမယ့်တစ်သက်စာ မြေမြှုပ်မိုင်းအန္တရာယ်

DonBosco ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ဒီဇင်ဘာလ ၂၂ ရက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်(CDF-Mindat ) က မြို့ကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် မြို့ခံ ပြည်သူများပြန်လည်နေထိုင်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ မင်းတပ်မြို့မှာ မိုင်းအရေအတွက်ပေါင်း ၂၀၀ ကျော်ရှင်းလင်းထားပြီဖြစ်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ မြို့တစ်ခုတည်းမှာပင် ၁ လဝန်းကျင်အတွင်းမိုင်းအလုံးရေ ၂၀၀ ကျော်တွေ့ရှိတာဟာ အတော်များတဲ့ ပမာဏဖြစ်ပါတယ်။မိုင်းတစ်လုံးရဲ့ပေါက်ကွဲအားဟာ အနည်းဆုံး ငါးပေပတ်လည်နဲ့ ၁၀ ပေပတ်လည်အထိလူကိုထိခိုက်စေနိုင်တာဖြစ်တဲ့အတွက် မိုင်းအလုံးရေ ၂၀၀ ကျော်ရှင်းလင်းနိုင်ခြင်းဟာလူ့အသက်အနည်းဆုံး ၄၀၀ ကနေ ၅၀၀ အကြားကယ်တင်နိုင်တဲ့သဘောဖြစ်ပါတယ်။ ဒါဟာစစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ချင်းပြည်တစ်ခွင်မှာ မြို့တစ်မြို့ရဲ့ မိုင်းရှင်းလင်းထား၊ ရှင်းလင်းဆဲ အနေအထားဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီကင်းစင်တာ ၆ လ ၀န်းကျင်ရှိပြီဖြစ်တဲ့ မတူပီမြို့မှာ မတူပီမြို့တွင်း လူနေတဲ့နေရာတွေကို မိုင်းရှင်းလင်းတာပြီးပေမယ့် စစ်ကောင်စီတပ်စခန်း အနီးအနားတွေတော့…

Read More

ICNCC နဲ့ Chinland Council ကို ဒေါ်လာ ၁ သိန်း စီ NUG က ရန်ပုံငွေ ခွဲဝေပေးခဲ့တယ်လို့ သိရ

ဇန်န၀ါရီလ ၂၀ ရက်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB) နဲ့ Chinland Council (CC) တို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က အမေရိကန်ဒေါ်လာ ၁ သိန်းစီ ရန်ပုံငွေ ခွဲဝေပေး ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) က ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေ မျှဝေပေးခြင်းကို အွန်လိုင်းကနေတဆင့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) ကထုတ်ပြန်ပါတယ်။ အဲဒီရန်ပုံငွေမျှဝေးပေးအပ်တဲ့ အခမ်းအနားကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်းခိုင််သန်းနဲ့ ဝန်ကြီးတွေ အပါအဝင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ Chinland Council (CC) က တာဝန်ရှိသူတွေလည်း…

Read More

နှစ်ပေါင်း ၂၀ အတွင်း ၃၂ ကြိမ် သွေးလှူဒါန်းခဲ့သူကို ZYA အသင်းရဲ့ သွေးအများဆုံး လှူဒါန်းသူ အဖြစ် ဂုဏ်ပြုဆုပေး

ဇန်နဝါရီလ ၁၉ ရက်။ လူမှုရေး နှင့် သွေးလှူရှင် အသင်း တစ်ခုဖြစ်တဲ့ ဇိုမီးလူငယ်များအသင်း (Zomi Youth Association) ရဲ့ နှစ် ၂၀ ပြည့် နှစ်ပတ်လည်ပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကလေးမြို့က ZYA အသင်းရုံးချုပ်မှာ ကျင်းပခဲ့ပြီး အသင်းနှင့်အတူ နှစ်ပေါင်း ၂၀ အတွင်း ၃၂ ကြိမ် သွေးလှူဒါန်းခဲ့သော ဦး ကမ်းဆွင်းမုန် အား သွေး အများဆုံး လှူဒါန်းသူ အဖြစ် ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း၊၂၀၂၄ ခုနှစ် အတွင်း ZYA ကနေ သွေး အကြိမ် ၁၀၀ တိတိကို လူမျိုး၊ ဘာသာ မခွဲခြားဘဲလှူဒါန်း နိုင်ခဲ့ကြောင်း ZYA အသင်းထံမှသိရပါတယ်။ ဦးကမ်းဆွင်မုန် ဟာ…

Read More

အိန္ဒိယ – မြန်မာနယ်စပ်လွတ်လပ်စွာဖြတ်သန်းခွင့်ပိတ်ပင်မှုကို ကန့်ကွက်ကြောင်း ဇန်နဝါရီ ၂၉ မှာ မီဇိုရမ်ပြည်နယ်အနှံ့ဆန္ဒဖော်ထုတ်မယ်

ဇန်နဝါရီလ ၁၉ ရက်။ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယ-မြန်မာ လွတ်လပ်စွာနယ်စပ်ဖြတ်ကျော်ခွင့် Free Movement Regime (FMR) ကိုဖျက်သိမ်းပြီး ၂ နိုင်ငံ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ခွင့်ပြုချက်အထောက်အထားများတောင်းခံတဲ့ စနစ်သစ်ကို ကျင့်သုံးလာတဲ့အပေါ် ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှုကို ဇန်နဝါရီလ (၂၉) ရက်နေ့မှာ မီဇိုရမ်ပြည်နယ်အနှံ့ပြုလုပ်မှာဖြစ်တယ်လို့ ZORO အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ R.Sangkawia ကပြောကြားလိုက်ကြောင်း India Today မီဒီယာကဇန်နဝါရီ ၁၇ ရက်နေ့မှာ ဖော်ပြပါတယ်။ အဆိုပါဆန္ဒထုတ်ဖော်မှုကို မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Re – Unification Organization (ZORO) အဖွဲ့နဲ့ Chin, Kuki, Mizo အရပ်ဖက် အဖွဲ့အစည်းများရဲ့ ဦးဆောင်မှုနဲ့ ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပြီး အင်ဒို – မြန်မာနယ်စပ် ခြံစည်းရိုးကာခြင်း၊ စစ်ရှောင်များအား…

Read More

မာတင်လူသာကင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ချင်းအမျိုးသား Elaisa Vahnie ချီးမြှင့်ခံရ

ဇန်န၀ါရီလ ၁၈ ရက်။ အမေရိကန်ပြည်ထောင်စုမှာ အသားအရောင်ခွဲခြားမှုကို တိုက်ပွဲဝင်ခဲ့သူ ဒေါက်တာမာတင်လူသာကင်း (Martin Luther King၊ Jr. )ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့မွေးနေ့ လ ဖြစ်တဲ့ ဇန်နဝါရီလ တတိယပတ် တနင်္လာနေ့ကို Martin Luther King နေ့အဖြစ် သတ်မှတ်ထားကာ သူ့မွေးနေ့ရက်ကို နှစ်စဉ်ဇန်နဝါရီလ တတိယအပတ်မှာ ဂုဏ်ပြုကျင်းပကျပြီး ဒီနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ မြန်မာဒုက္ခသည်အများစု အခြေချတဲ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနားပြည်နယ်မှာ ကျင်းပတဲ့မာတင်လူသာကင်းနေ့ ဂုဏ်ပြုပွဲမှာ ချီးမြှင့်တဲ့ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ကို Burmese American Community Institute (BACI) ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ချင်းအမျိုးသား Elaisa Vahnie ချီးမြှင့်ခံရပါတယ်။ အမေရိကန်ပြည်ထောင်စု၊…

Read More

တီးတိန်မြို့ခံတစ်ဝက်ခန့် မြို့ကိုစွန့်ခွာကြ သော်လည်း ပစ္စည်းသယ်ယူရန် ဝင်ထွက်သွားလာသူ များနေဆဲ ဖြစ်

ဇန်နဝါရီလ ၁၈ ရက်။ မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် လူဦးရေ ၁ သောင်းခွဲခန့်နေထိုင်တဲ့ တီးတိန်မြို့မှာ မြို့နေ လူထု တစ်ဝက်ခန့် မြို့ကို စွန့်ခွါကာစစ်ရှောင်ကြပြီ ဖြစ်သော်လည်း မြို့ခံပြည်သူများအနေဖြင့် ပစ္စည်းများ သယ်ယူရန် ဝင်ထွက် သွားလာသူများနေဆဲဖြစ်ကြောင်း တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိရပါတယ်။ “တီးတိန်မြို့ရဲ့ လမ်းမကြီး ဖြစ်တဲ့ ကမ်းဟောက် လမ်းမ တလျှောက် ဆိုရင် အကုန်လုံး နီးပါး ထွက်ပြေး ပြီ။ မြို့ ရပ်ကွက် မှာရှိတဲ့ ရဲစခန်း၊ တပ်ကုန်း နှင့် နီးတဲ့ ရပ်ကွက်တွေမှာ ဆိုရင် ဘယ်သူမှ မရှိတော့ဘူး။ ပစ္စည်းတွေ ပြန်ယူဖို့ နေအိမ်တွေ ပြန်ကြည့် ဖို့ ပြန်လာ ကြတဲ့ လူတွေလည်း ရှိတယ်။ တချို့က…

Read More

ဖလမ်းမြို့နယ်အတွင်း CNF/CNA က ငေါန်အမည်ခံလက်နက်ကိုင် တပည့်မွေးထုတ်တာ၊ ငေါန်ဒေသအတွင်း CNF/CNA လက်အောက်ခံ တပ်စခန်းထားရှိရန် ပြင်ဆင်တာတွေကို ကန့်ကွက်ရှုံ့ချကြောင်းထုတ်ပြန်

ဇန်နဝါရီလ ၁၇ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ငေါန်(Ngawn ) ဒေသအတွင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ငေါန်အမည်ခံလက်နက်ကိုင် တပည့်မွေးထုတ်တာ၊ ငေါန်ဒေသအတွင်း CNF/CNA လက်အောက်ခံ တပ်စခန်းထားရှိရန် ပြင်ဆင်တာတွေကို ကန့်ကွက်ရှုံ့ချတယ်လို့ ငေါန်အဖွဲ့ချုပ်ကောင်စီ(NUC)က ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ရဲ့ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက “ ငေါန်ဒေသမှာ CNA တပ်ခန်းထားပေးဖို့ ဒေသခံတွေ တောင်းဆိုနေတာတော့ ရှိတယ်၊ ဒါပေမဲ့ စစ်ရေးအရ အရေးပါမှု ဘယ်လောက်ရှိသလဲ ဆိုတာလဲ ချိန်တွက်ရမှာပေါ့ ၊ တော်လှန်ရေးကာလမှာ အဖွဲ့အစည်းကလည်း မှိုလိုပေါက်နေတော့ သူတို့အနေအထားလည်း စဉ်းစားရမှာပေါ့”လို့ Chin World Media ကိုပြောပါတယ်။ ငေါန်လူငယ်တွေကို အသုံးချပြီး ငေါန်လူမျိုးနွယ်စု…

Read More

မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူဟာ CNF အဖွဲ့ဝင် တစ်ဦးသာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဟာလည်း CNF ဟာမဟုတ်ဘူးလို့ ဆလိုင်းထက်နီပြော

ဇန်နဝါရီလ ၁၇ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးမိတဲ့အထဲ ချင်းအမျိုးသားတပ်ဦး (CNF)အဖွဲ့ဝင် တစ်ဦးသာပါပြီး ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဟာလည်း CNF ဟာမဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ CNF/A ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “၅ဦးလုံးက CNF အဖွဲ့ဝင်တွေ မဟုတ်ပါဘူး၊ CNF အဖွဲ့ဝင်တော့ တစ်ဦးပါတယ်၊ CNA ကမဟုတ်ဘူး၊လက်နက်တွေကလည်း CNF ဟာ မဟုတ်ပါဘူး” လို့ပြောပါတယ်။ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်အတွင်းက ဆိုင်သရွာကို မီဇိုရမ် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ရိုင်ဖယ် ၆ လက်၊ AK ကျည် ၁၀,၀၅၀ တောင့်နဲအတူ မြန်မာနိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့…

Read More