NUG အစိုးရအဖွဲ့သစ်ကို လူဟောင်းအများစုနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ CRPH ထုတ်ပြန်
ဒီဇင်ဘာလ ၈ ရက်။ ဝန်ကြီးဌာန စုစုပေါင်း ၄ ခုမပါဝင်တော့ဘဲ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) အဖွဲ့ကို လူဟောင်းအများစုနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့မှာ NUG ကနေ နုတ်ထွက်သွားပြီဖြစ်တဲ့ ဒေါက်တာဆာဆာ ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန စုစုပေါင်း ဌာန ၄ ခု မပါဝင်တော့တာတွေ့ရပါတယ်။ NUG အစိုးရအဖွဲ့သစ်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတအဖြစ် ဦးဝင်းမြင့် တို့ကအရင်တိုင်းဖြစ်သလို ယာယီသမ္မတ အနေဖြင့် ဒူဝါလရှီးလ…

