တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဆိုတဲ့ ကာလမှာကလေးမြို့တွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းသား မိဘများ စိုးရိမ်နေကြ
ဇွန်လ ၁၈ ရက်။ မန္တလေးငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုနေရတဲ့ ဒေသမှာပါဝင်တဲ့ ကလေးမြို့မှာ သင်္ချာ ဘာသာရပ် ဖြေဆိုရမယ့် ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မနက် ၁ နာရီခွဲခန့်မှာ တာဟန်းရပ်ကွက် နှင့် ကြုံ့သုံးပင် ရပ်ကွက် တို့မှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့ အတွက် ကျောင်းသား မိဘများ စိုးရိမ်နေကြတယ် လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ရ ပါတယ်။ “အမြောက်တပ် ကနေ ပစ်တဲ့ ကျည်လို့ သိရ ပါတယ်။ YCW ကိုယ်ပိုင်ကျောင်း အနောက်ဘက် တာဟန်း ဘောလုံးကွင်း နား၊ လမ်းပေါ်မှာ တစ်လုံး ပေါက်ကွဲခဲ့တယ်။ နေအိမ် တစ်လုံး အတော်…

