
မလေးရှားနိုင်ငံမှာ ချင်းအမျိုးသား ၁ ဦး ၃ ထပ်တိုက်ပေါ်က ပြုတ်ကျ သေဆုံး
မေလ ၆ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဇာတိ အသက် ၃၁ နှစ်အရွယ် ချင်းအမျိုးသား ၁ ဦးဟာ မေလ ၄ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့မှာ ၃ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ Falam Pawlpi Malaysia(FPM-FRO)တာဝန်ရှိသူတွေဆီက သိရပါတယ်။ FPM-FRO မှ တာဝန်ရှိသူတစ်ဦးက” မေလ ၄ရက်နေ့ မနက် လေးနာရီလောက်ကျတာ ဖြစ်မယ်လို့ပြောကြတယ် သူများ အိပ်နေတဲ့အချိန်ဆိုတော့ မတော်တဆ ပြုတ်ကျသွားတာလား အပြင်ထွက်ဖို့ကြိုးစာရင်း ပြုတ်ကျတာလား တော့ ဘယ်သူကမှ မသိကြဘူး။ လက်ရှိအလောင်းကို စစ်ဆေးမှုတွေ လုပ်တုန်းဆိုတော့ မသဂြိုလ်ရသေးဘူး သဂြိုလ်မည့် နေရာမရသေးလို့ မသိရသေးဘူး “လို့ ပြောပါတယ်။ တိုက်ပေါ်က ပြုတ်ကျ သေဆုံးသူဟာ အသက်…