
ဟားခါးမြို့က စစ်သား ၁ ဦးကိုဖမ်းဆီးခဲ့၊ဟားခါးမြို့က စစ်သား ၂ ဦးနဲ့ရဲ ၁ ဦး လက်နက်နဲ့အတူအလင်းဝင်လာကြောင်း CDF-Hakha ထုတ်ပြန်
မေလ ၁၈ ရက်။ ၂၀၂၅ခုနှစ်၊ မေလ ၁၅ရက်နေ့တွင် ဟားခါးမြို့ရှိ စစ်ကောင်စီ စစ်သားတစ်ဦးကို ဖမ်းဆီးသည့်အပြင် မေလ ၁၅ နှင့် ၁၇ရက်များတွင် ဟားခါးမြို့ရှိ စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့သည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်ရန် လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force – Hakha (CDF-Hakha) ထံသို့ အလင်းဝင်လာကြောင်း CDF-Hakha က မေလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဤကဲ့သို့ အလင်းဝင်လာသူကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို မိမိတို့…