
ဟားခါးမြို့မှာ လုပ်ငန်းတင်ဒါ လာလျှောက်သူတွေ အရင်နှစ်တွေထက် သိသိသာသာပိုများလာ
ဇွန်လ ၉ ရက်။ ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ ဒီနှစ် ၂၀၂၅ ခုနှစ်မှာ စစ် ကောင်စီခန့်ချင်းပြည်နယ်အစိုးရက ချပေးတဲ့ ဘက်ဂျက်နှစ်အသစ်အတွက် လုပ်ငန်းတင်ဒါ လာလျှောက်သူတွေဟာ အရင်နှစ်တွေထက် သိသိသာသာ ပိုများလာတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးက “ဒီနှစ်တင်ဒါလာလျှောက်တာအများကြီးဘဲ လမ်းဦးစီး၊ နတလ ၊ ကျေးလက်၊ စည်ပင်၊ ဆည်မြောင်း တွေပေါ့ အနယ်နယ်အရပ်ရပ်က လာလျှောက်ကြတယ်၊ လမ်းပြုပြင်တာတို့ စတာတွေအတွက်ပေါ့ ကျေးလက်နေထိုင်သူတွေလည်း အများအပြားလာလျှောက်ကြတယ်လို့ သိရတယ်” လို့ပြောပါတယ်။ နှစ်စဉ်နှစ်တိုင်း ဘက်ဂျက်အသစ်အတွက် ဧပြီလကနေစတာဖြစ်ပြီး ဧပြီလ ၊ မေလအတွင်းမှာ သတင်းစာတွေကနေ တဆင့်ကြော်ညာတာတွေလုပ်ပြီး ဇွန်လ လောက်မှာ တင်ဒါလျှောက်တာတွေ စတင်လုပ်ဆောင်တာလို့လည်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်အတွက် ဘက်ဂျက်အသစ်မှာ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့အတွက်…