ရန်ကုန်သွားမယ့် ရခိုင်လူငယ်တွေကို စက်လှေပေါ်လိုက်ပါစီးနင်းခွင့်ပေးမိတဲ့ ချင်းအမျိုးသားတစ်ဦးကို AA ဖမ်းဆီးသွားကာ အဆက်အသွယ်မရဖြစ်နေ
ဩဂုတ်လ ၅ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာနေ စက်လှေမောင်းတဲ့ ချင်းအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်သွားမယ့် ရခိုင်ပြည်က ရခိုင်လူငယ်တွေကို သူစက်လှေပေါ် စီးနင်းလိုက်ပါခွင့်ပေးမိလို့ ပလက်ဝမြို့နယ် သံထောင်ဂိတ်မှာ အာရက္ခတပ်တော်(AA)ရဲ့ ဖမ်းဆီးတာ ခံရပြီး ဒီကနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရတဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ နီးစပ်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အဖမ်းခံရတာ ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်တယ် သူကမြောက်ဦးဘက်ကို ရခိုင်ကုန်သယ်တွေရဲ့ ကုန်ပစ္စည်းတွေကို သွားပို့ပြီး အပြန်မှာ ရခိုင်လူငယ်တွေက လိုက်ချင်တယ်လို့ ပြောလို့ တင်လာတာဖြစ်တယ် အဲဒါ သံထောင်ရွာက AA ဂိတ်မှာ အကုန်လုံးအဖမ်းခံရတယ်။ AA…

