ဟားခါးမြို့ပေါ်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရဲအုပ်တစ်ဦးသေဆုံး
ဩဂုတ်လ ၇ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့လယ်ခေါင်မှာ ဒီကနေ့ သြဂုတ်လ (၇) ရက်နေ့ နေ့လည်ပိုင်းလောက်က ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရဲအုပ်တစ်ဦးသေဆုံးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။ ဟားခါးဒေသခံတစ်ဦးက “ ဒီကနေ့ ၁၁ နာရီဝန်းကျင်လောက်မှာ မြို့ပေါ်တနေရာမှာ လက်နက်ငယ်၊ လက်နက်ကြီးသံတွေ ကြားကြရတယ်၊ဘယ်ရပ်ကွက်မှာဖြစ်တာလဲဆိုတာတော့ အတိအကျ မသိဘူး၊ဟားခါးမှာ အခုတလော နေ့တိုင်းလိုလိုသေနတ်သံတွေကြားနေရတယ်၊ ဟိုတလောက စကစရွေးကောက်ပွဲကြောင်းပြောကတည်းကနေ နေ့တိုင်းလိုလိုပစ်ခတ်သံရှိတယ် “လို့ပြောပါတယ်။ ဟားခါးမြို့က ရဲအုပ်ဟာ ကားမောင်းနေစဉ် ပစ်ခတ်မှုခံခဲ့ရတာဖြစ်ပြီး ရဲစခန်းဘက်ကို ထွက်ပြေးတိမ်းရှောင်ပေမယ့် ရဲစခန်းအတွင်း ရောက်တဲ့အချိန် ဒဏ်ရာပြင်းထန်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့လည်း CHRO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ညကလည်း မြို့တွင်းပစ်ခတ်မှုတွေ…

