ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့မှာ အခြေခံစစ်သင်တန်းတက်ရင်း သင်တန်းသား ဆလိုင်းရဲမင်းနိုင်ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်
သြဂုတ်လ ၉ ရက်။ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) မှာ အခြေခံစစ်ပညာသင်တန်း တက်ရောက်နေရင်း ရုတ်တရက် နေမကောင်းဖြစ်လို့ သင်တန်းသား ဆလိုင်းရဲမင်းနိုင်သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ CDF – Asho က သြဂုတ်လ ၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဆလိုင်းရဲမင်းနိုင်ဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်ရန်အတွက် သင်တန်းတက်နေစဉ်အတွင်း နေမကောင်းဖြစ်လို့ ရုတ်တရက်ကျဆုံးခဲ့ရတာကြောင့် အခုလို ဆုံးရှုံးမှုဟာ ချင်းကာကွယ်ရေးတပ် – အရှိုအတွက် အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုဖြစ်ပြီး စုဆောင်းရေးကာလနှင့် သင်တန်းကာလအတွင်း ပေးအပ်လာတဲ့ တော်လှန်ရေးတာဝန်တွေကို အသက်နှင့် ခန္ဓာစွန့်ပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုအနေနဲ့ များစွာ…

