မြန်မာနိုင်ငံမှာ ရခိုင်လူငယ် ၆၀ % ၊ ရန်ကုန်တိုင်းမှာ လူငယ် ၅၁ % နဲ့ချင်းပြည်နယ်မှာ လူငယ် ၄၈ % က နိုင်ငံကနေ စွန့်ခွာလိုကြောင်း ဖြေဆိုတယ်လို့ UNDP ထုတ်ပြန်
သြဂုတ် ၁၂ ရက်။ မြန်မာနိုင်ငံမှာ အာရက္ခဒေသက ရခိုင်လူငယ် ၆၀ ရာခိုင်နှုန်းကျော်ဟာ အခွင့်အရေးရရင်ဒေသကိုစွန့်ခွာဖို့ ဆန္ဒရှိနေကာ၊ ရန်ကုန်တိုင်းမှာ လူငယ် ၅၁ ဒသမ ၇ ရာခိုင်နှုန်း၊ချင်းပြည်နယ်မှာတော့ လူငယ် ၄၈ ရာခိုင်နှုန်းက နိုင်ငံကနေ စွန့်ခွာလိုကြောင်း ဖြေဆိုတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ဒီနေ့ သြဂုတ် ၁၂ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အတွက် ထုတ်ပြန်လာတာတဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ နိုင်ငံကနေ စွန့်ခွာလိုသူ ပဲခူးတိုင်းမှာ လူငယ် ၄၆ ဒသမ ၂ ရာခိုင်နှုန်း၊မွန်ပြည်မှာ ၄၂ ဒသမ ၁ ရာခိုင်နှုန်း၊မကွေးတိုင်းမှာ ၃၉ ဒသမ ၉ ရာခိုင်နှုန်း၊ကရင်ပြည်မှာ ၃၈ ဒသမ ၆ ရာခိုင်နှုန်း၊နေပြည်တော်၊ရှမ်း၊ကယားနဲ့ကချင်ပြည်တွေမှာ ၃၆…

