၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၁)မှာ ပါဝင်တဲ့ မြို့နယ် ၁၀၂ ခု မှာ ချင်းပြည်နယ်မှ ဟားခါး နှင့် တီးတိန်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းမှကလေးနဲ့တမူးမြို့နယ် ပါဝင်
ဩဂုတ်လ ၂၀ ရက်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမည့် အာဏာသိမ်းစစ်ကောင်စီ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တဲ့ မြို့နယ် (၁၀၂) ခုမှာ ချင်းပြည်နယ်က ဟားခါး နှင့် တီးတိန်မြို့နယ်နဲ့စစ်ကိုင်းတိုင်းမှ ကလေးနဲ့တမူးမြို့နယ်များ ပါရှိကြောင်း စစ်ကောင်စီ ခန့်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရသိရပါတယ်။ ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်မည့် မြို့နယ် စာရင်းတွင် ချင်းလူမျိုး အများအပြား နေထိုင်ရာ ဖြစ်တဲ့ ချင်းတောင်ခြေ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်နဲ့တမူးမြို့နယ်လည်း ပါဝင် ခဲ့ ပါတယ်။ ယင်း အပြင် ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတိုနှင့် စပ်လျဉ်းတဲ့…

