“၈၈၈၈ အရေးတော်ပုံနှင့် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားများလှုပ်ရှားမှု”
Chin World Media ၁၉၈၈ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံ တ၀န်းမှာ ကျောင်းသားပြည်သူတွေဟာ လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ချင်းကျောင်းသားခေါင်းဆောင် အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) နဲ့ ချင်းအမျိုးသားသမဂ္ဂ (CNU) တို့မှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဆလိုင်းငိုင်ဆာ့ခ်နဲ့ အဲ့ဒီအချိန်က”၈၈၈၈ အရေးတော်ပုံနှင့် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားများလှုပ်ရှားမှု”အကြောင်းတွေကို လွန်ခဲ့တဲ့၂၀၂၀ခုနှစ် သြဂုတ်လ ၆ ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေး။ ။ အဲ့ဒီတုန်းက ချင်းကျောင်းသားသမဂ္ဂ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) မှာ ပါဝင်လှုပ်ရှားဖြစ်ခဲ့ပုံတွေကို ပြောပြပါဦး။ ဖြေ။ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ချင်းကျောင်းသားတွေကော၊ အပြင်က မြို့မိမြို့ဖတွေကော အများကြီးလှုပ်ရှားကြတယ်။ ပထမဆုံးအနေနဲ့ ချင်းကျောင်းသားအကြောင်းပြောရရင်- ကျနော်တို့တတွေ ချင်းကျောင်းသားများသမဂ္ဂ (CSU) ကိုဖွဲ့ခဲ့တယ်။…

