Headlines

HPO/ CDF – Hualngoram နဲ့ CNO / CNDF တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမယ်

ဇူလိုင်လ ၅ ရက်။ ဖလမ်းမြို့နယ်မှာ ဇူလိုင် ၂ ရက်ကစပြီးတောက်လျှောက် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ HPO/ CDF – Hualngoram တပ်ဖွဲ့နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) တို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ဟုတ်ပါတယ် မီဇိုရမ်အစိုးရလို့ဘဲပြောရမှာပေါ့ Adyocacy Group for peace (ငြိမ်းချမ်းရေးတွက် လှုပ်ရှားဆောင်ရွက်တဲ့အဖွဲ့) က ၂ ဖက်စလုံးကို ဆွေးနွေးကြမယ်ပေါ့လေ အဲလိုပုံစံနဲ့ သူတို့ဘက်ကနေ ကမ်းလှမ်းတဲ့ဟာရှိပါတယ် ဆိုတော့ ၂ ဦး နှစ်ဖက်ကြားမှာ သူတို့ဘက်ကနေ ကြားဝင်ဖြန်ဖြေပေးတဲ့ပုံစံဖြစ်တယ်။၂ ဦးနှစ်ဖက်တွေ့ဆုံပြီး ဘယ်လိုပုံစံနဲ့…

Read More

မလေးရှားမှာ ပတ်ဝန်းကျင် တိုင်ကြားတာခံရလို့ အထောက်ထားမဲ့ မြန်မာ ၁၅၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရ

ဇူလိုင်လ ၄ ရက်။ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၊ Cheras Ria Apartment မှာ ပတ်ဝန်းကျင်ရဲ့ တိုင်ကြားတာခံရလို့ လူဝင်မှုကြီးကြပ်ရေးဌာန နဲ့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်/၃ ရက်နေ့က နှစ်ရက်ဆက်တိုက် ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ရွှေ့ပြောင်းအရေးကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။ မလေးရှားနိုင်ငံက ရွှေ့ပြောင်းအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “Cheras Ria Apartment မှာ ၂ ညဆက်တိုက်ဖမ်းတယ် ပထမညဖမ်းတဲ့ချိန် ထွက်ပြေးတဲ့သူရှိတာသိလို့ နောက်တနေ့ ပြန်ဖမ်းတာလို့ သိရပါတယ် အထောက်ထားမဲ့ မြန်မာ ၁၅၀ ကျော်လောက်တော့ အဖမ်းခံရတယ်လို့ သိရတယ် အဓိက ပတ်ဝန်းကျင် တိုင်ကြားမှုနဲ့ ဖမ်းတာများတယ်၊ ဖမ်းတာက နေ့တိုင်းတောက်လျှောက်ပဲ ဖမ်းနေတာ ဒီကာလ…

Read More

သူကြိုက်တဲ့ မင်းသမီး မိုးဟေကို နဲ့ တွေ့ခွင့်ရသွားတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van

ဒီကနေ့ ဇူလိုင်လ ၄ ရက်မနက်မှာ Canal+ ကနေ UFC ဖလိုင်းဝိတ်တန်းအဆင့် ၁ ဖိုက်တာ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ရဲ့ UFC 317 နိုင်ပွဲအတွက် အင်တာဗျူးလုပ်နေတဲ့ အချိန်မှာ Joshua Van ကို surprise အကြီးကြီး တိုက်ချလိုက်ပါတယ်။ အဲဒါကတော့ Joshua Van အသက်ငယ်ငယ် လေးကတည်းကနေ သဘောကျ အားပေးခဲ့တဲ့ မြန်မာမင်းသမီးမိုးဟေကို နဲ့ တွေ့ဆုံပေးလိုက်တာပါ။ မြန်မာပြည်ဖွား ၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိအချိန်ထိ UFC ပြိုင်ပွဲပေါင်း ၉ ပွဲအထိ ထိုးသတ်ထားကာ ၈ ပွဲနိုင်၊ ၁…

Read More

ဦးထန်ရှင်းခိုင် ခေါင်းဆောင်တဲ့ ဇိုမီးအမျိုးသားပါတီ (ZNP) က နိုင်ငံရေးပါတီမှတ်ပုံတင်ပေးဖို့ လျှောက်ထား

ဇူလိုင်လ ၄ ရက်။ ဦးထန်ရှင်းခိုင် ခေါင်းဆောင်တဲ့ ဇိုမီးအမျိုးသားပါတီ (Zomi National Party) က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုဇူလိုင်လ ၃ ရက်နေ့မှာ လျှောက်ထားခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိခဲ့ရ ပါတယ်။ ဇွန်လ ၂၄ ရက်နေ့မှာ ပါတီ တည်ထောင်ခွင့် ရရှိထားတဲ့ ဇိုမီးအမျိုးသား ပါတီ (ZNP) က ပါတီ တည်ထောင်ခွင့်ပြုတဲ့ နေ့ကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့ အညီ မှတ်ပုံတင်ပေးဖို့ လျှောက်ထားတာ လို့ ဖော်ပြထား ပါတယ်။ ဇိုမီးအမျိုးသားပါတီဟာ ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ၂၀၂၅၊…

Read More

အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယအစိုးရထံ လွှဲပေးခဲ့တဲ့ UNHCR India ရုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်တွေကို ဖြေရှင်းအရေးယူပေးဖို့ အဖွဲ့အစည်း ၁၄၁ ဖွဲ့ကအိတ်ဖွင့်ပေးစာ ပေးပို့

ဇူလိုင်လ ၄ ရက်။ အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေအပါအဝင် တခြားခိုလှုံသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယအစိုးရထံ လွှဲပေးခဲ့တဲ့ UNHCR India ရုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်တွေကို ဖြေရှင်းအရေးယူပေးဖို့ မြန်မာပြည်သူလူထုနဲ့ ပြည်တွင်းပြည်ပ မြန်မာအဖွဲ့အစည်း ၁၄၁ ဖွဲ့က ဆွစ်ဇာလန်နိုင်ငံရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့ ဇူလိုင်လ ၄ ရက်မှာထုတ်ပြန်ပါတယ်။ အိတ်ဖွင့်ပေးစာထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာ သိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ခိုလှုံရန် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀၀၀ ကျော်ဟာ UNHCR India ရုံးမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကာ အကာကွယ် တောင်းခံခဲ့ကြပြီး အဲဒီထဲမှာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားခြိမ်းခြောက်မှုခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ…

Read More

ဟားခါးမြို့ကနေ လူငယ်များမထွက်ခွါဖို့ ၊လူငယ်များအားလုံးဇူလိုင်လအတွင်း ဟားခါးပြန်လာရန် CDF -Hakha ထုတ်ပြန်

ဇူလိုင်လ ၃ ရက်။ ဟားခါးမြို့နေ လူငယ်များ ဟားခါးမြို့နယ်ကနေ မထွက်ခွါဖို့နဲ့ ထွက်ခွါရန်ကြိုးစားသူများကိုလည်း ဂိတ်ကနေ လှည့်ပြန်ခိုင်းမှာဖြစ်ကြောင်း၊ လူငယ်အမျိုးသားမှန်သမျှ ဟားခါးမြို့နယ်အရန်တပ်ဖွဲ့သင်တန်းတက်ရောက်ရန်၊ မီဇိုရမ်ပြည်နယ်နဲ့ ပြည်တွင်းအခြားနေရာအသီးသီးမှာရောက်ရှိနေတဲ့ လူငယ်အမျိုးသားအားလုံး ဇူလိုင်လအတွင်း ဟားခါးမြို့နယ်အတွင်း ပြန်လာကြရန် CDF-Hakha Central Council က ဇူလိုင်လ (၃) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ CDF-Hakha ထုတ်ပြန်ချက်မှာ ဇူလိုင်လ (၁) ရက်နေ့ကစပြီး ဟားခါးမြို့နယ်အတွင်း မွေးဖွားကြီးပြင်းသူများ၊ အိမ်ပိုင်ယာပိုင်ရှိသူများနဲ့ လက်ရှိနေထိုင်နေတဲ့ လူငယ်မှန်သမျှ သိရှိလိုက်နာစေရန်လို့ အထက်ပါအချက်များကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း ဟားခါးမြို့နယ်ကနေ ပြည်ပကိုထွက်ခွါတဲ့ လူငယ် အမျိုးသားများအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ အနည်းဆုံး ၁၀၀၀ စီရန်ပုံငွေထည့်ဝင်ရန် CDF- Hakha Central Council ကဇူလိုင်လ…

Read More

CNO/CNDF နဲ့CDF – Hualngoram တို့ နှစ်ဘက် တွေ့ဆုံပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာဖို့ Chinland Council နဲ့ ချင်းညီနောင်အဖွဲ့ တိုက်တွန်း

ဇူလိုင်လ ၃ ရက်။ လတ်တလောမှာ ဖလမ်းမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာမှုဖြစ်ပွါးနေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)နဲ့ Chinland Council အဖွဲ့ဝင် CDF – Hualngoram တို့ နှစ်ဘက် တွေ့ဆုံပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာဖို့ Chinland Council နဲ့ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၃ ရက်မှာ တိုက်တွန်းကြောင်းထုတ်ပြန်ချက်အသီးသီးထုတ်ပြန်လိုက်ပါတယ်။ CDF – Hualngoram နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ကြား လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခအပေါ် ချင်းညီနောင်အနေနဲ့လည်း ပါဝင်ပတ်သက်မှာမဟုတ်သလို တခြားပြင်ပတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပတ်သက်ခြင်းကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း CNDF အဖွဲ့ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။ စေ့စပ်ဆွေးနွေးမှုတွေမပြေလည်ဘဲ အချင်းချင်းသဘောထားတင်းမာမှုတွေကနေ အပြန်အလှန်ပစ်ခတ်မှုတွေထိ ပဋိပက္ခဖြစ်ပွားနေတဲ့ပေါ်…

Read More

မီဇိုရမ်ပြည်နယ်မှာ မြန်မာဒုက္ခသည် ၃၂,၀၀၀ ကျော်ရဲ့ ဇီဝဆိုင်ရာအချက်အလက် မှတ်ပုံတင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ဇူလိုင် ၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ပြည်နယ်အစိုးရစာရင်းအရ လက်ရှိခိုလှုံလျက်ရှိတဲ့ မြန်မာနိုင်ငံသား ၃၂,၀၀၀ ကျော်ရဲ့ ဇီ၀ဆိုင်ရာအချက်အလက် (Biometric) မှတ်ပုံတင်ခြင်း လုပ်ငန်းကိုစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှုးက ဇူလိုင်လ (၂) ရက်နေ့မှာ တရားဝင်ပြောကြားခဲ့ ေကြာင်း India Today သတင်းဌာနမှာဖော်ပြပါတယ်။ မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Andrew H. Vanlaldika က “ဇီဝဆိုင်ရာ အချက်အလက် မှတ်ပုံတင်ခြင်းဟာ မြန်မာဒုက္ခသည်တွေကို သတ်မှတ်ဖော်ထုတ်ဖို့ သီးသန့်ရည်ရွယ် တာဖြစ်ပြီး ၎င်းတို့ရဲ့နိုင်ငံကို နှင်ထုတ်ခြင်းကို မဆိုလိုပါဘူး” လို့ပြောပါတယ်။ ဇီဝဆိုင်ရာနဲ့ လူဦးရေဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်းကို ဤလအတွင်း ခရိုင် ၁၁ ခုလုံး၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့များက သင်တန်းများ ပေးခဲ့ပြီးဖြစ်ကာ ကွန်ပျူတာနဲ့…

Read More

ချင်းပြည်မှာတာဝန်ထမ်းဆောင်ဖို့ သူနာပြုနဲ့ သားဖွားသင်တန်း ဒီပလိုမာ ဒုတိယအသုတ် ထပ်မံခေါ်ယူ

ဇူလိုင် ၃ ရက်။ ချင်းပြည်နယ်အတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ် ရှားပါးခြင်း ကျော်လွှားနိုင်ရန် နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံမှု ပိုပေးနိုင်ဖို့ သူနာပြုနဲ့ သားဖွားသင်တန်း ဒီပလိုမာ ဒုတိယအသုတ်ကို ထပ်မံခေါ်ယူမယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ ချင်းပြည် ( Chinland) အစိုးရ ရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ သူနာပြုနဲ့ သားဖွားသင်တန်း ဒီပလိုမာ ဒုတိယအသုတ်ကို လူဦးရေ အယောက် ၇၀ လက်ခံမှာဖြစ်ပြီး သင်တန်းပြီးမြောက်ရင် ချင်းပြည်တွင်း အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူတွေ ဖြစ်ရမယ်လို့လည်း ကြေညာထားပါတယ်။ တက်ရောက်မယ့်သူတွေအနေနဲ့ ၂၀၂၁ မတိုင်မီတက္ကသိုလ်ဝင်တန်း အောင်သူတွေနဲ့ ၂၀၂၁ နောက်ပိုင်း NUG…

Read More

ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းက မလေးရှားနိုင်ငံရဲ့ လုပ်သားလိုအပ်မှုများကို ဖြေရှင်းနိုင်တယ်လို့ UNHCR ကိုယ်စားလှယ်ပြော

မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံကိုရောက်လာတဲ့ ဒုက္ခသည်များကို တရားဝင် အလုပ်လပ်ကိုင်ခွင့်ပြုခြင်းအားဖြင့် လုပ်သားလိုအပ်ချက်ကို ဖြေရှင်းနိုင်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ရဲ့ကိုယ်စားလှယ် Louise Aubin က New Straits Times ကိုပြောပါတယ်။ Louise Aubin က ဒုက္ခသည်များကြုံတွေ့နေရတဲ့ အခက်အခဲများမှာ လုပ်ခနည်းပါးခြင်း (သို့) လုံး၀အလုပ်မရှိခြင်း၊ ဘေးအန္တရယ် မရှိတဲ့ အလုပ်လုပ်ခွင့်အခြေအနေများတွင် တရားဝင် စာချုပ်ချုပ်ဆိုမှုများမရှိခြင်းကြောင့် အလုပ်သမားများ မတရားထုတ်ပယ်ခံရတာမျိုးရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းအားဖြင့် ခေါင်းပုံဖြတ်ခြင်းနဲ့ အလွဲသုံးစားမှုအပြုခံရခြင်းမှာ ကာကွယ်မှုလည်း တိုးတက်စေမယ်လို့ပြောပါတယ်။ သူမက မလေးရှား UNHCR မှာမှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ၆၉ ရာခိုင်နှုန်းဟာ အလုပ်လုပ်နိုင်တဲ့အရွယ်တွေဖြစ်ပြီး လုပ်သားအင်အားလိုအပ်မှုမှာ ပံ့ပိုးနိုင်သူများဖြစ်တယ်လို့ ဆိုပါတယ်။ IDEAS သုတေသနအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ်အစီရင်ခံစာအရ ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ခွင့်ပေးပြီး…

Read More