Myanmar Idol မှာ Vote ပေးသကဲ့သို့ ရွေးကောက်ပွဲမှာ ချင်းပြည်သူများ ရောက်ရာအရပ်ကနေ လွယ်ကူစွာမဲပေးနိုင်ကြောင်းဆို
သြဂုတ်လ ၁၇ ရက်။ ၂၀၂၅ ဒီဇင်ဘာလ မှာ စစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲမှာ နည်းပညာမြင့် အီလက်ထရောနစ်မဲပေးစက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက် မဲပေးရလွယ်ကူမြန်ဆန်တာကြောင့် နေရပ်စွန့်ခွာရ သော စစ် ရှောင် ချင်းပြည်သူများအ နေဖြင့် Myanmar Idol မှာ Vote ပေးသကဲ့သို့ ရောက်ရာအရပ်ကနေ လွယ်ကူစွာမဲပေးနိုင်ကြောင်း ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၁ခုရဲ့ဦးဆောင်သူ ၁ ဦးက ပြောပါတယ်။ ” အခု ရွေးကောက်ပွဲက အီလက်ထရောနစ်မဲ ပေးစက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက် အရင်လိုမဲစာရွက်တွေနဲ့ မှားလုပ်မိမှာ တွေ စိုးရိမ်စရာမလိုဘူး ၊ ကျ နော်နားလည်သလောက်က ကိုယ်ပေးချင်တဲ့ပါတီကို ခလုတ် လေးနှိပ်ရုံပဲ ၊ နိုင်ငံရေးပါတီ တွေလည်း ရွာတိုင်းမြို့တိုင်းမဲလိုက်ဆွယ်ဖို့အခက်အခဲရှိတဲ့ ဒီလိုအချိန်အခါမှာ အီလက်ထရောနစ်မဲပေးစက်နဲ့မဲပေးတာ အတော်အဆင်ပြေတယ် မဲ…

