မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီတပ်ပစ်ခတ်တာခံရလို့ ဆေးကုမှုခံယူခဲ့ရတဲ့ ချင်းအမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ သိရ
ဩဂုတ်လ ၂၁ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ မနေ့ သြဂုတ်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်ပစ်ခတ်တာခံရတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ချင်းအမျိုးသား ၁ ဦးဟာ ဆေးကုသမှုခံယူရင်း မနေ့ညမှာပဲ ရရှိတဲ့ဒဏ်ရာတွေကြောင့်သေဆုံးသွားခဲ့တယ်လို့ ဟားခါးဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့ မနေ့နေ့လည်ပိုင်းလောက်က ဟားခါးမြို့ပေါ် ပြည်တော်သာရပ်ကွက် မြို့ပေါ်လမ်းစုံ အနီးမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အဆိုပါ ချင်းအမျိုးသားကို သူမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်ခိုင်းတာ မရပ်ပဲ ဆက်မောင်းနှင်လို့ဆိုပြီး ပစ်ခတ်ခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပြီး အဆိုပါ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခဲ့မှုကြောင့် ချင်းအမျိုးသားအပါအဝင် ကျောင်းသူ…

