ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ်ဝန်ကြီးဟောင်းဦးစိုးထက်မှတာဝန်ယူ၊ချင်းပါတီကို NLD နဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဟောင်းများက ဦးဆောင်
သြဂုတ်လ ၂၇ ရက်။ သြဂုတ် ၂၆ ရက်က မှတ်ပုံတင်ခွင့်ပြုပြီးသောနိုင်ငံရေးပါတီ(၆၁)ပါတီနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသန်းစိုးတို့တွေ့ဆုံပွဲမှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌအဖြစ် NLD ပါတီအစိုးရ ခေတ် ၂၀၁၈ ခုနှစ်က နေ ၂၀၂၀ ခုနှစ်အထိ ချင်းပြည်နယ်စည်ပင်၊စက်မှု၊လျှပ်စစ်ဝန်ကြီးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီကိုယ်စားပြုပြီးအနိုင်ရခဲ့သူ ဦးစိုးထက်မှ အစည်းအဝေးတက်ရောက်ခဲ့ကြောင်း MRTV သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ Chin World Media စုံစမ်းချက်အရ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌအဖြစ်ဦးစိုးထက် ၊ အထွေထွေအတွင်းရေးမှုးအဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ဖလမ်းမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့သူ ဦးဘွာလ်ဆိုင်လိုမှ တာဝန်ယူထမ်းဆောင်နေကြောင်းသိရပါတယ်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌ အသက် ၆၅ နှစ်ဝန်းကျင်ရှိသူ ဦးစိုးထက်ဟာ ပလက်ဝဇာတိဖြစ်ပြီး ဘွဲ့ရပြီး နောက် တပ်မ တော်မှာဝင် ရောက်ခဲ့ကာ ဒုဗိုလ်မှုးကြီးအဆင့်(တပ်ရင်းမှုး၊တပ်နယ်မှုး)တာဝန်အထိထမ်း…

