CDF – Mara နဲ့ MDF အကြားထိတွေ့တိုက်ပွဲတွေပြန်ငြိမ်နေ
စက်တင်ဘာလ ၁ ရက်။ ချင်းပြည်နယ်၊ မရာနယ်မြေမှာ ၁ လကျော်အကြာ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ CDF – Mara နဲ့ MDF အကြား ထိတွေ့တိုက်ပွဲတွေ သြဂုတ်လ ၂၉ ရက်နေ့ကစလို့ လက်ရှိအချိန် ပြန်ငြိမ်နေတယ်လို့ CDF – Mara က Chin World Media ကိုပြောပါတယ်။ CDF – Mara ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဂျွန်လောက “လောလောဆယ် တိုက်ပွဲတွေက ငြိမ်နေတယ် ၂၉ ရက်နေ့ကစလို့ပေါ့ သူတို့ဖက်က အထိအခိုက်လေးရှိတော့ ငြိမ်သွားတယ်လို့ ထင်ပါတယ် ခုလက်ရှိက MDF / AA ဘက်က CDF ဘက် ထိုးစစ်ဖို့ပြင်ဆင်နေတာပေါ့ AA ပါတယ်လို့ ကျနော်တို့ပြောတာက အသံဖိုင်အထောက်အထားရှိလို့ပါ”…

