
ထန်တလန်မြို့နယ်မှာ အတော်ကြီးတဲ့ ရှားပါးဝက်ဝံတစ်ကောင်ကို ရွာသားများက ထောင်ချောက်ဆင် ဖမ်းမိ
သြဂုတ်လ ၁၃ ရက်။ ချင်းပြည်နယ်၊ထန်တလန်မြို့နယ်က ကျေးရွာတစ်ရွာမှာ အတော်ကြီးတဲ့ ရှားပါး ဝက်ဝံတစ်ကောင်ကို ရွာသားများက ထောင်ချောက်ဆင်ဖမ်းမိပြီး ရိုးရာတူမီးသေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အကြောင်းကို ဆိုရှယ်မီဒီယာအကောင့်ပိုင်ရှင် Ctling ကနေ “မှတ်တမ်းတစ်ခုအဖြစ်” ဆိုကာ ဩဂုတ်လ (၁၁) ရက်နေ့က Facebook ပေါ်တင်ခဲ့တာကို လူအများက စိတ်ဝင်တစ်စား မှတ်ချက်မျိုးစုံ ပေးခဲ့ကြပါတယ်။ Facebook မှာ တင်ထားတဲ့ သေဆုံးပြီဖြစ်တဲ့ ရှားပါး ဝက်ဝံ ခန္ဓာ ကို ရွာသားတွေက ဝိုင်းရံကြည့်ရှုကြတဲ့ ဗီဒီယိုမှာ အကောင့်ပိုင်ရှင်ကလည်း “မှတ်တမ်းဝင်ပဲ၊ ငယ်ငယ်ကတည်းက ဒီလောက်ကြီးတဲ့ ဝတ်ဝံမမြင်ဖူးဘူး။ လုံးပတ်လည် ၃၅ လက်မဝန်းကျင် (sum 6) ရှိမယ်လို့ ရေးတင်ခဲ့တာဖြစ်ပါတယ်။ Facebook ပေါ်တက်လာတဲ့ Video Post မှာ…