
ရွေးကောက်ပွဲအပိုင်း(၁)ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းမယ်လို့ ထုတ်ပြန်
ဩဂုတ်လ ၁၈ ရက်။ လွှတ်တော်အသီးသီးအတွက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပမှာဖြစ်ကြောင်း၊ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်ကျင်းပမယ့် နေ့ရက်တွေကိုလည်း ဆက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲကို ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကို လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ကြောင်းကိုလည်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ ဒီဇင်ဘာလ…