တရားမဝင်နေထိုင်မှုနဲ့ ဖမ်းခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးရဲ့ အမူကိုမနက်ဖြန် တရားရုံးတင်မယ်လို့ သိရ
အောက်တိုဘာလ ၇ ရက်။ စက်တင်ဘာလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံ ၊ ပါဟန်းပြည်နယ်၊ Raub မြို့နယ်မှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ ချင်းလူမျိုးအမျိုးသား ၁၁ ဦးရဲ့အမှုနဲ့ ပတ်သက်ပြီး မနက်ဖြန် အောက်တိုဘာလ ၈ ရက်နေ့ မှာ တရားရုံးတင်မှာဖြစ်တယ်လို့ မလေးရှား မြန်မာ လူမူရေးအသင်း (MMA) ရဲ့ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဖမ်းဆီးခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးတို့ဟာ မင်းတပ်မြို့နယ်က ၆ ဦး၊ ကန်ပက်လက်မြို့နယ်က ၃ ဦး၊ ပလက်ဝမြို့နယ်က ၂ ဦးတို့ဖြစ်ပြီး အဖမ်းဆီးခံရသူတွေထဲမှာ အထောက်အထားရှိသူ ကုလ UN ကဒ်ကိုင်ဆောင်ထားသူ ၃ ဦးသာရှိပြီး ကျန်…

