
(ပွဲအကျိုးအမြတ်အားလုံးကို ချင်းပြည်က CDM ၀န်ထမ်းများ၊ ဒဏ်ရာရရဲဘော်များနဲ့ တော်လှန်ရေးပြည်သူများကို မျှမျှတတခွဲဝေသွားမယ်လို့ဆို)
ဒီဇင်ဘာလ ၂၃ ရက်။
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်ရှိ၊ အင်ဒီယားနားပိုလစ်စ်မြို့မှာ လာမယ့် ဒီဇင်ဘာလ ၂၇ ရက်၊ ဒေသစံတော်ချိန် ၅ နာရီခွဲကနေ ၇ နာရီခွဲအထိ အဆိုတော်လင်းလင်း၊ ချစ်သုဝေ၊ သရုပ်ဆောင် ခါရာနဲ့ ချင်းအဆိုတော်များ ပါဝင်ဖျော်ဖြေသွားမယ့် ရောင်နီဂီတပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီပွဲကို We For All Charity Event လို့ အမည်ပေးထားပါတယ်။
ဒီပွဲလေးရဲ့ ထူးခြားချက်က ပွဲကရရှိသမျှ အကျိုးအမြတ်အားလုံးကို ချင်းပြည်က CDM ပြည်သူများ၊ ဒဏ်ရာရရဲဘော်များနဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ပြည်သူများအားလုံးကို ၁၀၀ ရာခိုင်နှုန်းပြည့် ခွဲဝေပေးသွားမှာဖြစ်ပြီး တော်လှန်ရေးမှာပါဝင်နေတဲ့ ချင်းပြည်သူတွေအတွက် အဆိုတော်ကိုလင်းလင်း၊ မချစ်သုဝေ၊ ကိုခါရာတို့က လာရောက်ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။
Source – Yaung Ni Indianapolis, Elvin Bik’s facebook page

