Headlines

၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း မြှင့်တက်လာ

ဒီဇင်ဘာလ ၃ ရက်။ ၂၀၂၅ ခုနှစ် အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း မြှင့်တက်လာပြီး မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြှင့်တက်ကာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာပါ ဖော်ပြချက်များ အရ သိရပါတယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက် ဧရိယာ ၄၅,၂၀၀ ဟက်တာရှိရာမှ ၂၀၂၅ ခုနှစ်မှာ ၅၃,၁၀၀ ဟက်တာ အထိ မြှင့်တက်ခဲ့ပြီး ရာနှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်း…

Read More

ပလက်ဝမြို့နယ်က ချင်းလူမျိုးတွေကို AA က တပ်သားစုဆောင်းတာတွေလုပ်လို့ ချင်းလူငယ်တွေ တိမ်းရှောင်နေရ

ဒီဇင်ဘာလ ၃ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြားအရွယ်ရှိသူ ချင်းလူမျိုးတွေကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေလို့ ဒေသခံချင်းလူငယ်တွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝအထက်ပိုင်း ပိန္နဲတပင်ရွာ၊ ငရှားရွာ၊ ကြွေသောင်ရွာ နဲ့ အနီးအနားက ရွာတွေ နှင့် ပလက်ဝအောက်ပိုင်း လောက်ကဒူး၊ တိုးမဝ၊ ရီမဝ၊ အောင်သဲဝ ၊ နှမဒါ ရွာတွေမှာ အာရက္ခတပ်တော် ULA / AA က တစ်အိမ်တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေပြီး ချင်းလူမျိုးတွေကို ပထမဆုံး တပ်သားစုဆောင်းလာတာလို့လည်း ပလက်ဝဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းကနေ တစ်အိမ်ကို လူတစ်ယောက်နှုန်းနဲ့…

Read More

မီဇိုရမ်ပြည်နယ်ရောက် CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေကို ရက်ကန်းသင်တန်းပေးပြီး အလုပ်အကိုင် ရရှိစေဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်

ဒီဇင်ဘာလ ၂ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇော်မြို့ရောက် CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ နှင့် စစ်ဘေးရှောင်တွေကိုရက်ကန်း သင်တန်းပေးပြီး ရက်ကန်းပညာရပ် တက်ရောက်အောင်မြင်တဲ့ သူတွေကို အလုပ်အကိုင်ရရှိစေရန်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ပန်းတိုင်၊ ပေါင်းစည်းလမ်း သက်မွေးသင်တန်းဌာနက ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၂ ရက်နေ့ကစလို့ ရက်ကန်းသင်တန်းကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ စစ်ဘေးရှောင်တွေထဲက ၈ ဦးဟာ ခြောက်ပတ်ကြာ လေ့လာသင်ယူခဲ့ကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သင်တန်းသားအားလုံး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်းဆင်းပွဲမှာ တစ်ဦးချင်းစီအတွက် သင်တန်းပြီးဆုံးခြင်း အောင်လက်မှတ်တွေပေးအပ်ခဲ့ပြီး အထွေထွေထောက်ပံ့ငွေတွေကိုလည်း…

Read More

NUG မှာ မပါဝင်တော့ပေမယ့် မြန်မာပြည်သူလူထုအသံကို ကမ္ဘာကသိအောင် ချဲ့ထွင်လုပ်ဆောင်မယ်လို့ ဒေါက်တာဆာဆာပြော

ဒီဇင်ဘာလ ၂ ရက်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အဖွဲ့မှာ မပါဝင်တော့ပေမယ့် မြန်မာပြည်သူတွေ အားလုံးရဲ့ အသံကို ကမ္ဘာက ကြားသိစေရန် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေကို ချဲ့ထွင်သွားမှာဖြစ်တယ်လို့ ဒေါက်တာဆာဆာက သူ့ရဲ့လူမှုကွန်ယက် ဖေ့ဘုတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ၊ သြဂုတ်လအတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို ဖျက်သိမ်းတော့မှာဖြစ်တဲ့အကြောင်း ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH) ဥက္ကဌတို့က သူ့ကို အသိပေးအကြောင်းကြားခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကနေ နုတ်ထွက်တာနဲ့ ပက်သက်လို့ ဒေါက်တာဆာဆာက ရှင်းပြထားပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားတဲ့…

Read More

ကလေးမြို့အကျဉ်းထောင်က လွတ်ရက်စေ့တော့မယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံရသူ တချို့ ထပ်လွှတ်ပေး

ဒီဇင်ဘာလ ၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတချို့ကို ထပ်မံပြန်လွှတ်ပေးခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ မနေ့က ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ပြန်လွတ်ပေးလိုက်တဲ့အထဲ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂ ဦးနဲ့ အမျိုးသား ၉ ဦး စုစုပေါင်း ၁၁ ဦးကို ပြန်လွတ်ပေးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတစ်ဦးက “မနေ့က ကလေးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၅၂ (က)၊ ၅၀၅ (က) အဲလိုမျိုးအမှုတွေ တချို့ကတော့ လွတ်ဖို့ ၁ နှစ်နီးပါးကျန်တဲ့သူတွေ အများစုကတော့ လွတ်ခါနီးပြီပေါ့ လပိုင်းလိုတဲ့ဟာတွေ အမျိုးသမီး…

Read More

ဟားခါးမြို့မှာ လာပြီး စစ်ဘေးရှောင်နေတဲ့ ချင်းပြည်သူထောင်ကျော် အတွက် ဆုတောင်းပေးခြင်းနဲ့ ညစာဧည့်ခံခြင်းတို့ ပြုလုပ်ပေးခဲ့တယ်လို့ HBA ထုတ်ပြန်

ဒီဇင်ဘာလ ၁ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ကို စစ်ဘေးရှောင် လာရောက်ခိုလှုံကြတဲ့ တခြားမြို့နယ်တွေက ချင်းစစ်ရှောင်လူထောင်ကျော်အတွက် ဟားခါးနှစ်ခြင်းခရစ်ယာန်အသင်းတော်များအစည်းအရုံး ( Hakha Baptist Association – HBA) က ဆုတောင်းပေးခြင်းနဲ့ ညစာဧည့်ခံခြင်းအခမ်းအနားကို မနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ ဟားခါးမြို့ကဘုရားကျောင်းတချို့မှာ ပြုလုပ်ခဲ့တယ်လို့ HBA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆုတောင်းပေးခြင်းနဲ့ ညစာပြင်ဆင်ပေးခြင်း အခမ်းအနားကို ချင်းပြည်နယ်အတွင်းက မြို့နယ် ၆ မြို့နယ်ခန့်က ဟားခါးမြို့ကို စစ်ဘေးရှောင်နေကြသူတွေ ပါဝင်နိုင်ခဲ့တယ်လို့လည်း HBA ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိဟားခါးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြတဲ့အထဲ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်က ပြည်သူတွေအများဆုံးလို့ သိရပြီး ထန်တလန်မြို့နယ်ကနေလာရောက်ခိုလှုံသူ အိမ်ထောင်စု ၂၆၀ နဲ့ လူဦးရေ ၈၆၀…

Read More

ချင်းပြည်နယ်မှာ ၄ နှစ်ကျော်ကာလအတွင်း ချင်းလူမျိုး ၃၈၃ ဦးဖမ်းဆီးခံရပြီး ၁၈၃ ဦး သတ်ဖြတ်ခံရ

ဒီဇင်ဘာလ ၁ ရက်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် စလို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အထိ ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၈၃ ဦးရှိပြီး စစ်ကော်မရှင်တပ်ကြောင့် သေဆုံးရသူက ၁၈၃ ဦး သေဆုံးခဲ့ရပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၄ နှစ်ကျော်အတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ စုစုပေါင်းဟာ ၃၀၀၄၅ ဦးရေရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၆၁၉၃ ဦးနဲ့ ကလေးငယ် ၆၂၉ ဦးတို့ ပါဝင်တယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အာဏာသိမ်း စစ်အုပ်စုနှင့် သူ့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးရတဲ့…

Read More