ဟားခါးမြို့နယ်က CDF -Hakha ရဲ့လုံခြုံရေးဂိတ်ကို စစ်ကော်မရှင်တပ်အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF -Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရ
နိုဝင်ဘာလ ၆ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ၉ မိုင်ခန့်အကွာ Loklung ကျေးရွာအနီးရှိ CDF -Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို မနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့က အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF –Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဟားခါးဒေသခံတစ်ဦးဆီကသိရပါတယ်။ အခြေနေသိရှိသူတစ်ဦးက “ စစ်ကော်မရှင်ဘက်က ထိခိုက်၊ သေဆုံးတာမျိုးတော့ မကြားမိဘူး ၊ CDF – Hakha ဘက်က တစ်ဦးကျတယ်လို့ သိရတယ် နှစ်ဖက်ပစ်ခတ်မှုတွေလည်း သိပ်မကြာလိုက်ဘူးလို့ သိရတယ်” လို့ပြောတယ်။ ဟားခါး – မတူပီလမ်းပိုင်းမှာတည်ရှိတဲ့ Loklung ကျေးရွာအနီးက CDF – Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို ဟားခါးမြို့…

