Headlines

ဟားခါးမြို့နယ်က CDF -Hakha ရဲ့လုံခြုံရေးဂိတ်ကို စစ်ကော်မရှင်တပ်အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF -Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရ

created by Polish

နိုဝင်ဘာလ ၆ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ၉ မိုင်ခန့်အကွာ Loklung ကျေးရွာအနီးရှိ CDF -Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို မနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့က အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF –Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဟားခါးဒေသခံတစ်ဦးဆီကသိရပါတယ်။

အခြေနေသိရှိသူတစ်ဦးက “ စစ်ကော်မရှင်ဘက်က ထိခိုက်၊ သေဆုံးတာမျိုးတော့ မကြားမိဘူး ၊ CDF – Hakha ဘက်က တစ်ဦးကျတယ်လို့ သိရတယ် နှစ်ဖက်ပစ်ခတ်မှုတွေလည်း သိပ်မကြာလိုက်ဘူးလို့ သိရတယ်” လို့ပြောတယ်။

ဟားခါး – မတူပီလမ်းပိုင်းမှာတည်ရှိတဲ့ Loklung ကျေးရွာအနီးက CDF – Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို ဟားခါးမြို့ ရုန်းတောင်အခြေစိုက် ခလရ ၂၆၆ တပ်ရင်းက သွားရောက်ပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဘက်က တပ်ပြန်ဆုတ်သွားခဲ့ပေမယ့် အဲဒီပစ်ခတ်မှုတွေကြောင့် Loklung ကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *