Headlines

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဟားခါးမြို့နယ်နဲ့ တီးတိန်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၄ သောင်းနီးပါးရှိ

ေအာက်တိုဘာလ ၅ ရက်။ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ  စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲပထမအသုတ်မှာ စစ်ကော်မရှင် ထိန်းချုပ်မြို့များဖြစ်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ တီးတိန်မြို့များပါ၀င်ပြီး မြို့နယ် ၂ ခုပေါင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၉၈၉၉ ဦးရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ ဟားခါးမြို့နယ်မှာ မဲပေးနိုင်သူ ၂၇,၄၇၅ ဦး၊ တီးတိန်မြို့နယ်မှာ ၁၂,၄၄၂ ဦးရှိတယ်လို့ဖော်ပြပါတယ်။ ဟားခါးမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၉၆၉၆ ဦး ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ၂၇,၄၇၅ ဦး ရှိတယ်လို့ဖော်ပြတဲ့ အတွက် ရာခိုင်နှုန်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲကာလမဲပေးပိုင်ခွင့်ရှိသူဦးရေနှင့်ယှဥ်လျှင် ၆၉.၂၀ ရာခိုင်နှုန်းရှိနေဆဲဖြစ်ပါတယ်။ တီးတိန်မြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ…

Read More

နောက်ဆုံးပွဲမှာ မြန်မာဖိုက်တာ အောင်လအန်ဆန် အလဲထိုးနိုင်ပွဲနဲ့ အဆုံးသတ်

အောက်တိုဘာလ ၄ ရက်။ မြန်မာ MMAကစားသမား ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲမှာ ဆွီဒင်နိုင်ငံသား ဇီဘက်တီယန်ကာဒက်စတမ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူပြီး ကစားသမားဘဝကို လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲအခုပွဲကို ONE Fight Night 36 ရဲ့ ဒုတိယခေါင်ပွဲ မစ်ဒယ်ဝိတ်တန်း MMAပွဲစဉ်အဖြစ် အောက်တိုဘာလ ၄ ရက်မနက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Lumpinee Stadium မှာ ပြုလုပ်ခဲ့တာပါ။ အောင်လအန်ဆန်ဟာ ၂၀၀၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်မှာ ONE Championship ပထမဆုံးပွဲ ထိုးသတ်ခဲ့ပါတယ်။ မြန်မာဖိုက်တာ အောင်လအန်ဆန် ဟာ ONE Championship လက်အောက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း…

Read More

စစ်ဘေးရှောင်နေရတဲ့ မြန်မာဒုက္ခသည်တွေကို လှူဒါန်းပေးဖို့ နှုတ်ဆက်ပွဲမှာ ပြောသွားတဲ့ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်

အောက်တိုဘာလ (၄) ရက်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ အောက်တိုဘာလ (၄) ရက်နေ့ က ကျင်းပတဲ့ ONE Fight Night ပွဲစဉ်မှာ မြန်မာ့ဂုဏ်ဆောင် Burmese Python ကချင်တိုင်းရင်းသား အောင်လအန်ဆန်က သူ့ရဲ့ အားကစားသမားဘ၀ ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲအဖြစ် ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ် ကို ဒုတိယအချီမှာပဲ အလဲထိုးအနိုင်ယူခဲ့ကာ ပြိင်ပွဲပြီးတဲ့နောက် အောက်လအန်ဆန်းက မြန်မာပြည်မှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေကိုလှူဒါန်းပေးဖို့ ပရိတ်သတ်ကို အခုလို မေတ္တာရပ်ခံစကားပြောခဲ့ပါတယ်။ “ဒီနေရာမှာရှိတဲ့ လူတိုင်းကိုရော၊ မြန်မာပြည်မှာရှိတဲ့ လူတိုင်းကိုပါ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးပြုပြီးတော့၊ သင့်မှာ ပိုလျှံတဲ့ ငွေကြေးလေးတွေရှိမယ်ဆိုရင်၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ (IDP) တွေအတွက် လှူဒါန်းပေးပါ။ IDP တွေကို ကျေးဇူးပြုပြီး…

Read More

မလေးရှားရောက် ချင်းဒုက္ခသည်များအရေး အဖြေရှာပြင်ဆင်မှုများအတွက် အစည်းအဝေးကျင်းပခဲ့တယ်လို့ ထုတ်ပြန်

အောက်တိုဘာလ ၃ ရက်။ မလေးရှားရောက် ချင်းဒုက္ခသည်များအရေး အဖြေရှာပြင်ဆင်မှုများအတွက် မလေးရှားရောက်ချင်းစု‌ပေါင်းအဖွဲ့ (ACR, CRC, DAI နှင့် FRO) မှ ၄ ဖွဲ့ပူးပေါင်း ဦးဆောင်ပြီး နိုင်ငံတကာချင်းအဖွဲ့စည်းခေါင်းဆောင်များ၊မလေးရှားနိုင်ငံအတွင်း အသင်းတော်နှင့်ချင်းအဖွဲ့စည်းခေါင်းဆောင်များအားလုံးတွေ့ဆုံတဲ့ ၂ ရက်ကြာ အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နဲ့၂ ရက်နေ့မှာ ကွာလာလမ်ပူ မြို့မှာ ကျင်းပခဲ့ကြတယ်လို့ ဒီကနေ့ အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်က လတ်တလော ဖြစ်ပေါ်နေတဲ့ အထောက်ပံ့များလျှော့ချခံနေရသည့် UNHCR ၏အခြေနေများနှင့် ချင်းဒုက္ခသည်များအရေးအဖြေရှာပြင်ဆင်မှုများအတွက်အဓိကထားဆွေးနွေးခဲ့ကြသည့်အပြင်သ‌ ဘောတူဆွေးနွေးချက်များပတ်သက်ပြီးလည်း UNHCR ကိုဆက်လက်သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အစည်းဝေးကြီးကို UK မှ ဆရာ Jeremy Hoipangs နှင့် USA နိုင်ငံမှ…

Read More

ကန်ပက်လက်မြို့နယ် အမ်ပုံရွာ နဲ့ စံအိမ်နူးရွာကြား လမ်းပျက်စီးခဲ့လို့ ဒေသခံတွေအခက်အခဲ ကြုံနေကြရ

အောက်တိုဘာလ ၂ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အမှတ် (၅) ဒေသ အမ်ပုံရွာနဲ့ စံအိမ်နူးကျေးရွာအကြား လမ်းပိုင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မြေပြိုပြီး လမ်းပိုင်းပျက်စီးနေတယ်လို့ အမှတ် – ၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြေပြိုပြီး လမ်းပိုင်းပျက်စီးနေတဲ့ လမ်းဟာ စံအိမ်နူး၊ ခိတော်ရွာ၊ မဆွီးတွီရွာ၊ တုံငယ်ရွာ၊ လှလောင်းပန်းကျေးရွာက ဒေသခံပြည်သူတွေ စားနပ်ရိက္ခာသယ်ယူရာမှာ အဓိကအသုံးပြုတဲ့ လမ်းပိုင်းတွေဖြစ်ပြီး အခုလို လမ်းပိုင်းပျက်စီးမှုကြောင့် ဒေသခံမိဘပြည်သူတွေ အခက်ခဲဖြစ်နေကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အဆိုပါ လမ်းပိုင်းပျက်စီးနေမှုတွေကို အမှတ် – ၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ပြုပြင်ရန် ကြိုးစားနေပြီဖြစ်ပြီး ရပ်နီးရပ်ဝေးရှိ မိဘပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ကိုလည်း အမှတ် – ၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

Read More

လေးမြို့ချင်း ရှင်းတမ်း

By အောင်မြင့် လေးတူချင်းနဲ့ လေးမြို့ချင်းမတူကြောင်း ရေးသားခဲ့ပြီးဖြစ်ပါတယ်။ လေးမြို့ချင်း ဆိုတာကို စာအုပ်စာတမ်းများမှာ တွေ့လာရပါတယ်။ ရခိုင်မှာ “လေးမြို့” ၊ ချင်းမှာ “လည်မျို” အစ။ ဒီနေ့မှာတော့ “လေးမြို့ချင်း” နဲ့ပတ်သက်ပြီး အနည်းငယ် တင်ပြပါမယ်။ ချင်း(၅၃)မျိုး ထဲမှာ “လေးမြို့”(Laymro) ဆိုပြီး အမှတ်စဉ်(၄၀)မှာ ပါဝင်တာကို အားလုံးသိကြ ပါတယ်။ လေးမြို့ဆိုတာက ရခိုင်လူမျိုးတွေက မြောက်ဦးမြို့နဲ့ (၅)ခန့်အကွာ မြစ်ရဲ့ ဟိုဘက်၊ ဒီဘက် အနီးအနားမှာ ရခိုင်ရှင်ဘုရင်တစ်ပါးက မြို့လေးမြို့ကို တည်ဆောက်ခဲ့လို့ လေးမြို့မြစ်ဆိုပြီး ခေါ်သွင်ခြင်းခံရသလို၊ လေးမြို့ခေတ်ဆိုပြီးလည်း ရခိုင်ဘုရင်ခေတ် တစ်ခေတ် ပေါ်ထွန်းခဲ့ပါတယ်။ ဒါပေမဲ့ မတူပီမြို့နယ်က ချင်းတွေကတော့ ဗမာလို “လည်မျို” လို့ပဲ ခေါ်ကြပါတယ်။ အဲဒီချောင်းမှာ ရှိတဲ့ သတ္တဝါ…

Read More

ဟားခါးမြို့နဲ့ တီးတိန်မြို့မှာ မဲဆန္ဒရှင်စာရင်းတွေ စတင်ကြေညာ

အောက်တိုဘာလ ၁ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နဲ့ တီးတိန်မြို့ရဲ့ အဓိက လမ်းဘေးနေရာတွေမှာ အာဏာသိမ်းစစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ အတွက် မဲဆန္ဒရှင် စာရင်းတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ကစလို့ စတင် ကပ်ထားနေပြီလို့ သိရပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးက “ ကပ်တယ်လို့တော့ ကြားတယ် ကိုယ်တိုင်တော့ မမြင်သေးဘူး ဒီကနေ့ မနက်ကလည်း ရဲတွေ စစ်သားတွေ လမ်းမကြီးတလျှောက် တလုံးမှာ ရှိနေကြတယ်” လို့ Chin World Media ကိုပြောပါတယ်။ “စကောလမ်းဈေး မှာ မဲစာရင်း ကပ်နေပြီ။ ကိုယ်တိုင် သွားပြီး ကြည့် ဖြစ်တယ်။ မြို့မ ဈေးမှာ လည်း ကပ်ထားပြီ လို့ ပြောကြတယ်။ မကြည့် ဖြစ်သေးဘူး”…

Read More

မလေးရှားနိုင်ငံမှာ စက်တင်ဘာ ၁ လအတွင်း မြန်မာနိုင်ငံသား ၅၀၁ ဦး ထက်မနည်း ဖမ်းဆီးခံရ

အောက်တိုဘာလ ၁ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁) လ အတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅၀၁ ဦးထက်မနည်း ရှိခဲ့တယ်လို့ မလေးရှား – မြန်မာ လူမှုရေးအသင်းအဖွဲ့(MMA)ရဲ့ ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စက်တင်ဘာလ ၁ လအတွင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လုပ်ငန်းခွင်အတွင်း နဲ့ နိုင်ငံသားတွေရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခဲ့ နိုင်ငံခြားသား ၂၉၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ၅၀၁ ဦး ပါဝင်ပြီး လက်ရှိဖမ်းဆီးခံရတဲ့ စာရင်းဟာ MMA အဖွဲ့ရဲ့ စုစောင်းရသလောက်သာဖြစ်ပြီး ဒီထက်ပိုပြီး များနိုင်တယ်လို့ ဆိုထားပါတယ်။ အဖမ်းဆီးခံရချိန် အခက်ခဲရောက်နေသူတွေ ၊ တရားရုံးရင်ဆိုင်နေရသူတွေ၊ ရှေ့နေအခက်ခဲရှိသူတွေ၊…

Read More

စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ အရပ်သား ၁၀၁ ဦး သေဆုံးခဲ့

အောက်တိုဘာလ ၁ ရက်။ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိစစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ သေဆုံးသူလူဦးရေ ၁၀၁ ဦးအထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း စစ်အုပ်စုရဲ့လေကြောင်း၊ လက်နက်ကြီး တိုက်မှုကြောင့် သေဆုံးသူဦးရေ ၃၀၂၃ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်သလို အတည်ပြုရန် လိုအပ်နေတဲ့ သေဆုံးသူ အနည်းဆုံး ၂၆၉၀ ဦးဝန်းကျင်ခန့်ကိုလည်း…

Read More