ချင်းပြည်နယ်မှာ လူငယ် ၃ ယောက်မှာ ၁ ယောက်က သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြရကြောင်း ကုလထုတ်ပြန်
အောက်တိုဘာလ ၁၀ ရက်။ မြန်မာနိုင်ငံရှိ လူငယ် (၇) ယောက်မှာ (၁) ယောက်နှုန်းက သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြရပြီး ချင်းပြည်နယ်မှာဆိုရင် လူငယ် ၃ ယောက်မှာ ၁ ယောက် နီးပါးကဒီလိုခံစား နေရ ကြောင်း ၊လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်မှုဟာ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် ဘက်က လူငယ်တွေမှာ ပိုအဖြစ်များတာတွေ့ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ( UNDP Myanmar) ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံရှိ လူငယ်များစွာဟာ သူတို့ရဲ့ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းဖြစ်လာတယ်လို့ UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်…

