မလေးရှားနိုင်ငံမှာ ချင်းအချင်းချင်း ဓားထိုးသတ်မှုဖြစ်ခဲ့ပြီး အသက် ၅၀ အရွယ် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရ
အောက်တိုဘာလ ၁၅ ရက်။ မလေးရှားနိုင်ငံ၊ ကင်မရွန်ဟိုက်လန်းရှိ စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ချင်းအမျိုးသား အချင်းချင်း အောက်တိုဘာလ ၁၃ ရက်နေ့ညက ဓားထိုးသတ်မှုဖြစ်ခဲ့ပြီး မင်းတပ်မြို့နယ်က အသက် (၅၀ ) နှစ်အရွယ် ချင်းအမျိုးသား တစ်ဦး လည်ပင်းဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေ ပြောပြချက်အရ သိရပါတယ်။ ဓားထိုးသတ်ခံရတဲ့ အသက် (၅၀) အရွယ် ချင်းအမျိုးသားဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မလိုင်ကျေးရွာသားလို့ သိရပြီး သူ့ကိုသတ်သွားသူ ေတွဟာ သူအလုပ်သွင်းပေးတဲ့၂ယောက်ဖြစ်ပြီး အလုပ်အဆင်မပြေဘူးပြောလို့ပြန်သွားခေါ်ပြီး သူအိမ်မှာထားကာ သူအိပ်ချိန် ဓားနဲ့ ထိုးသတ်ခံရတာလို့ သိရပါတယ်။ အခြေအနေသိရှိသူတစ်ဦးပြောတာက “ သတ်တဲ့သူတွေက မကွေးတိုင်းဘက်က ချင်းတွေပေါ့ သူတို့က မလေးရှားရောက်တာလည်း မကြာသေးဘူးလို့ သိရတယ် ဒီဓားထိုးခံရတဲ့ အစ်ကိုက စိတ်ရင်းကောင်းတဲ့သူလို့…

