Headlines

ရန်ကုန်မှာ ချင်းလူမျိုး ၄ ဦးရွေးကောက်ပွဲဝင်ပြိုင်မည်၊အင်းစိန်မှာ ချင်းလူမျိုးကိုယ်စားလှယ်လောင်း ၂ ဦးထိပ်တိုက်ယှဉ်ပြိုင်ဖို့ရှိနေ

အောက်တိုဘာလ ၂၆ ရက်။ ချင်းနိုင်ငံရေးသမားပူးဇိုဇမ်နဲ့ချင်းလူမျိုး ၃ ဦး ဟာ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊အင်းစိန်မဲဆန္ဒနယ်မှာ ချင်းလူမျိုးကိုယ်စားလှယ် လောင်း ၂ ဦးထိပ်တိုက်ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ကိုယ်စားလှယ်လောင်းစာရင်းအရသိရပါတယ်။ ချင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်နှဲမ်အဲမ်ပါရ်က မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီကိုယ်စားပြုပြီး အင်းစိန်မဲဆန္ဒနယ်ကနေ FPTP စနစ်ပြည်သူ့လွှတ်တော်နေရာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊အင်းစိန်မဲဆန္ဒနယ်ကနေပဲ FPTP စနစ်ပြည်သူ့လွှတ်တော်နေရာမှာပဲ ချင်းအမျိုးသားတစ်ဦးဖြစ်တဲ့ ဦး ပေါင်ရှမ်း ဟောက်(ခ) ပေါ်လ် ပေါင်ရှန်ဟောက်က တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ချင်းအမျိုးသားတစ်ဦးဖြစ်တဲ့ ဦးတော်နီလျန်က မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီကိုယ်စားပြုပြီး PR စနစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၁ မှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကာ ဝါရင့်ချင်းနိုင်ငံ ရေးသမား၊CNLD ပါတီဥက္ကဋ္ဌ ဟောင်း ပူးဇိုဇမ်က ကျားဖြူပါတီ/ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( SNDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ…

Read More

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို ပံ့ပိုးပေးဆပ်ခဲ့မှုအပေါ် ဂုဏ်ယူလေးစားကြောင်း KIO/ KIA တည်ထောင်ခြင်း (၆၅) နှစ်ပြည့်မှာ CNF သဝဏ်လွှာပေးပို့

အောက်တိုဘာလ ၂၅ ရက်။ ညီနောင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲပြီး အမြော်အမြင်ရှိရှိ ဦးဆောင်ဦးရွက်ပြုမှု ပံ့ပိုးပေးဆပ်မှုအပေါ် ဂုဏ်ယူလေးစားတဲ့အကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် / ကချင်လွတ်မြောက်ရေးတပ်မတော် ( KIO/ KIA) တည်ထောင်ခြင်း (၆၅) နှစ်မြောက် ဂုဏ်ပြု သဝဏ်လွှာကို ချင်းအမျိုးသားတပ်ဦး (CNF/CNA) က ပေးပို့ခဲ့ပါတယ်။ CNF အနေနဲ့ တအူတုံဆင်း ကချင်ညီနောင်များနဲ့အတူ နိုင်ငံရေးခံယူချက်နှင့် နိုင်ငံရေးဦးတည်ချက် တူညီသော တိုင်းရင်းသားညီနောင်မဟာမိတ်တွေ NUG အစိုးရ ၊ နွေးဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများနဲ့အတူ ပြည်သူလူထုဘက်မှ ရပ်တည်ပြီး အဆုံးတိုင်တိုက်ပွဲဝင်သွားမယ်လို့လည်း ဂုဏ်ပြု သဝဏ်လွှာမှာ ချင်းအမျိုးသား တပ်ဦး (CNF/CNA) က ထည့်သွင်းဖော်ပြထားပါတယ်။…

Read More

ရှမ်းပြည်(မြောက်ပိုင်း)ကနေ ကလေးမြို့ကို သယ်ဆောင်ရောင်းဝယ်လာတဲ့ တန်ဖိုး ကျပ် ၁၄ ဘီလီယံ တန် စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်းဖြူအမြောက်အများကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၂၄ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မိုင်းရယ်မြို့ကနေ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်ကို သယ်ဆောင်ရောင်းဝယ်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်း နဲ့ ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလို (စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၄ ဒသမ ၅၀၁၅ ဘီလီယံ )ကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးအလွဲသုံးစားမှုထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC) က အောက်တိုဘာလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်လောက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့က သတင်းရလို့ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအနီး ငြိမ်းချမ်းမောင် (ခ) ကုလားလေး မောင်းနှင်လာတဲ့ FORLAND…

Read More

ကလေးအကျဉ်းထောင်မှာ အကျဉ်းသားတွေ အရေးပေါ်ဆေးကုသခွင့်အတွက် ထောင်အာဏာပိုင်တွေကို ငွေကြေးလာဘ်ပေးနေရတယ်လို့သိရ

အောက်တိုဘာလ ၂၃ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ မော်လိုက် ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်အတွက် ထောင်အဏာပိုင်တွေက ငွေကြေးလာဘ်ပေးလာဘ်ယူမှုတွေနဲ့သာ ခွင့်ပြုနေတဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အရေးပေါ်ဆေးကုသခွင့်အတွက် တစ်ကြိမ်လျှင် ကျပ်ငွေ ၅ သိန်းကနေ သိန်း ၂၀ ကြားပေးဆောင်နေကြရပြီး ရံဖန်ရံခါ ထောင်အာဏာပိုင်တွေရဲ့ KTV ဖိုးကိုပင် ပေးဆောင်မှသာ ပြင်ပဆေးဝါးကုသခွင့် ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတဲ့အကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဆေးဝါးကုသခွင့်မရတဲ့ အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ခြေထောက်တွေလှုပ်မရတော့ဘဲ မသန်မစွမ်းဖြစ်သွားရတဲ့ အထိ အခြေအနေတွေ မော်လိုက်ကလေးအကျဉ်းထောင်မှာ…

Read More

စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာအတွက် ပါတီ ၃ ခုက ကိုယ်စားလှယ် ၃ ဦး ယှဉ်ပြိုင်မယ်

အောက်တိုဘာလ ၂၃ ရက်။ ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် နေရာ(ချင်းရေးရာဝန်ကြီး)အတွက် ပါတီ ၃ ခုက ဦးငွန်ဘွလ်ထန် ၊ ဦးဆသင်ထောင်းနဲ့ ဒေါ်သျှန်းနှဲမ်ဆွေး တို့က ပါဝင်ယှဉ်ပြိုင်သွားကြမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အမည်စာရင်းထုတ်ပြန်ထားပါတယ်။ ကလေးမြို့ ၊ မြို့လှရပ်ကွက်နေ ဦးငွန်ဘွလ်ထန် က ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီ ( USDP) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မုံရွာမြို့ ၊ မြဝတီရပ်ကွက်မှာ နေထိုင်တဲ့ ဦးဆသင်ထောင်းက ပြည်သူ့ရှေ့ဆောင်ပါတီ ( PPP) ကနေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ကလေးမြို့တောင်ဖီလာရပ်ကွက်နေ ဒေါ်သျှန်းနှဲမ်ဆွေးက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကနေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ…

Read More

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဟားခါးနဲ့တီးတိန်မြို့မှာသာ ကျင်းပမှာဖြစ်ပြီး အပိုင်း ၂ မှ သာ ထန်တလန်၊ဖလမ်း၊တွန်းဇံမြို့နယ် များပါဝင်လာမယ်လို့ သိရ

အောက်တိုဘာလ ၂၂ ရက်။ ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်ကော်မရှင်စစ်တပ်မှထိန်းချုပ်ထားတဲ့ ဟားခါးနဲ့တီးတိန်မြို့မှာသာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပမှာဖြစ်ပြီး လူသူကင်းမဲ့တဲ့ ထန်တလန်မြို့အပါအဝင် လက်ရှိမှာ ချင်းဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့နယ် နှင့် ဖလမ်းမြို့နယ်တွေကတော့ ဇန်နဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၂ နဲ့၃ မှာ ပါဝင်လာမယ်လို့ ချင်းပြည်နယ်ကိုယ်စားပြုပြိုင်မယ့် နိုင်ငံရေးပါတီတွေဆီက သိရှိရပါတယ်။ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် ၃ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း အပြီး ပြုလုပ်သွားမယ်လို့ အောက်တိုဘာ ၁၈ နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြောကြားသွားတယ်လို့ ချင်းပြည်နယ်အတွင်း…

Read More

ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာ တို့ One Championship ပွဲ အောက်တိုဘာလ ၂၄ ရက်ညမှာ ယှဉ်ပြိုင်ထိုးသတ်မယ်

အောက်တိုဘာလ ၂၂ ရက်။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ အောက်တိုဘာလ ၂၄ ရက်ညမှာ ကျင်းပပြုလုပ်မယ့် One Championship , One Friday Flight – 130 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အသက် ၁၉ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းနဲ့ ထိုင်းဖိုက်တာ ဆောင်ချိုင်နွိုင်တို့ ယှဉ်ပြိုင်ထိုးသတ်သွားကြမှာဖြစ်ပါတယ်။ ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း ဟာ မြန်မာရိုးရာလက်ဝှေ့မှာ လက်ဆပြင်းသူဖြစ်ပြီး One Championship ပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ထိုးရမယ့်ပွဲဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ၊ အရပ် ၅ ပေ ၄ လက်မရှိတဲ့ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဆလိုင်းထန်းခွီရှိန်းဟာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် One Championship ပြိုင်ပွဲမှာ…

Read More

ကလေးမြို့နယ်အတွင်း အရေးပေါ်စစ်ဘေးရှောင်ရတဲ့ ဒေသခံပြည်သူ ၁ သောင်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေ

အောက်တိုဘာလ ၂၁ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ကလေးမြိုနယ်အတွင်းရှိ ကလေး-တမူး လမ်းနှင့် ကလေး-ဂန့်‌ဂေါလမ်းတွေမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံပြည်သူ လူဦးရေ တစ်သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိ နေရပ်တိမ်းစွန့်ခွာ စစ်ဘေးရှောင်ဒေသခံပြည်သူများ၊သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသူငယ်များ အတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန် စသည့် အကူအညီများ လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတစ်ဦးက “ လက်ရှိ စစ်ကောင်စီနဲ့ လွတ်တဲ့ တောထဲတွေ သူတို့နဲ့ ဝေးရာ အဆင်ပြေတဲ့နေရာတွေ လုံခြုံတယ်လို့တော့ မဟုတ်ဘူးပေါ့နော် အဲဒီနေရာမှာ နေတဲ့သူက အိမ်ထောင်စု တစ်ထောင်ကျော် ၊ လူဦးရေ တစ်သောင်းကျော်…

Read More

ချင်းနိုင်ငံရေးသမား ပူးဇိုဇမ် SNDP ပါတီကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ၀င်ပြိုင်မယ်

အောက်တိုဘာလ ၂၁ ရက်။ ချင်းနိုင်ငံရေးသမား ပူးဇိုဇမ်ဟာ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့်ပါတီစုံ ရွေးကောက်ပွဲမှာ ကျားဖြူပါတီ/ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( SNDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ PR စနစ်အမျိုးသားလွှတ်တော်နေရာမှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ကိုယ်စားလှယ် လောင်းစာရင်းအရသိရပါတယ်။ ပူးဇိုဇမ်က ” ကျားဖြူ ကနေ PR….အမျိုးသားလွှတ်တော် တင်ထားတယ်၊ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကနေ ခရိုင် 6 ခရိုင်ကိုယ်စား တင်ထားတယ် ” လို့ Chin World Media ကိုအတည်ပြုပါတယ်။ ၂၀၂၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် လောင်း ၅ ထောင် ကျော်ဝင် ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီ အလိုက် အမည်စာရင်း တင်သွင်းမှုအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဟာ…

Read More