

Shein Gei Ngai
ယခုမျက်မှောက်ကာလ ကမ္ဘာ့ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံအများစု၌ နိုင်ငံခြားဝင်ငွေရရှိစေသည့်လုပ်ငန်းများအနက်လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။
ကမ္ဘာ့ခရီသွားလုပ်ငန်းအဖွဲ့(WTO)၏ဖေါ်ပြချက်အရ ၂၀၁၀ ခုနှစ်၊အပြည်ပြည်ဆိုင်ရာခရီးသွားဦးရေ နှစ်စဉ်သန်း(၁၂၀၀)ခန့်ရှိကြောင်းဖေါ်ပြခဲ့ရာမှ ၂၀၃၅ ခုနှစ်တွင်ခရီးသွားဦးရေ ၃၀ ဘီလီယံထိတိုးတက်လာမည်ဖြစ်ကြောင်းကမ္ဘာ့ကုလသမဂ္ဂခရီးသွားလုပ်ငန်း UN Tourism ကခန့်မှန်းထားပြီး ခရီးသွားကဏ္ဍကနေနှစ်စဉ် ဝင်ငွေ အမေရိကန် ဒေါ်လာ ၆ ထရီလီယံထိရရှိမည်ဟု ဖေါ်ပြ ပါရှိပါသည်၊စီးပွားရေးအရ အလွန်အရေးပါလာသောခရီးသွားလုပ်ငန်းသည် နိုင်ငံအများစုအကြားရေပန်းစားလာခဲ့ပါသည်။
သို့ရာတွင်ကမ္ဘာအနှံ့အပြား၌ဖွံ့ဖြိုးလာသောခရီးသွားလုပ်ငန်းသည်ဇီဝမျိုးစုံမျိုးကွဲများနှင့်ယဉ်ကျေးမှုအမွေအနှစ်များပျက်စီးဆုံးရှုံးမှုအတွက်ခြိမ်းခြောက်နေသောအရာတစ်ခုလည်းဖြစ်လာကြောင်းသုတေသနပြုတွေ့ရှိထားကြရပါသည်၊သဘာဝအခြေခံခရီးသွားလုပ်ငန်း(Ecotourism)သည်ခရီးသွားလုပ်ငန်းများအနက် ရေရှည်ဖွံ့ဖြိုးမှုကိုအဓိကပိုင်ဆိုင်ထားသည့် ဈေးကွက်စီးပွားရေးတစ်ခုဖြစ်ကြောင်း World Conservation Union- IUCN )ကယုံကြည်လက်ခံပါသည်။
သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် အခြားခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့်လုံးဝခြားနားသည်မှာ သဘာဝဂေဟစံနစ်ကို ထိန်းသိမ်းကာကွယ်ပြီးဒေသခံပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးရေးဆိုင်ရာအကျိုးအမြတ်များရရှိစေရန်စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းဖြစ်ပါသည်၊ အပြည်ပြည်ဆိုင်ရာသဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့မှ Ecotourism ဆိုသည်မှာမိမိကိုယ်တိုင်တာဝန်ယူပြီးသဘာဝနယ်မြေအတွင်းသို့သွားရောက်ရာ၌ဒေသခံပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးရေးနှင့်အသိပညာဗဟုသုတကိုမြှင့်တင်ပေးနိုင်သည့်အပြင် ၎င်းဒေသရှိသဘာဝပတ်ဝန်းကျင်အားထိန်းသိမ်းဆောင်ရွက်ပေးသည့်ခရီးဟုအဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
ကမ္ဘာတွင် ခရီးသွားအမျိုးအစားအဓိက(၃)မျိုးသုံးစားရှိပါသည်၊ ၁-သဘာဝကိုအခြေခံသည့်ခရီးသွားလုပ်ငန်း(Ecotourism) ၂-ယဉ်ကျေးမှုကိုအခြေခံသည့်ခရီးသွားလုပ်ငန်း(Cultural Tourism) ၃-ကျေးလက်ဒေသကိုအခြေခံသည့်ခရီးသွားလုပ်ငန်း(Community Based Tourism)ဖြစ်ပါသည်။
Ecotourism ချင်းတောင်တန်းးသည် ဟိမဝန္တာတောင်စွယ်နှင့်အင်ဒိုချိုင်းနားကျွန်းဆွယ်တို့ဆုံဆည်းထိစပ်ရာ ကမ္ဘာတွင်လွန်စွာထူးခြားသည့် ဇီဝဇုန်နယ်မြေအဖြစ် သုတေသနဖေါ်ထုတ် တွေ့ရှိရပါသည်၊ခေါနူးစုမ်အမျိုးသားဉယျာဉ်တွင် ဇီဝမျိုးစုံမျိုးကွဲများကို၂၀၀၀-၂၀၁၀ ထိနိုင်ငံတကာ သဘာဝထိန်သိမ်းရေးပညာရှင်များ၏အကူ အညီရယူကာ သုတေသနပြုဖေါ်ထုတ်ခဲ့ရာ၌ သဘာဝအပင်မျိုးစိတ် (၂၆)မျိုး၊သားဌက်တိရစ္ဆာန်မျိုးစိတ်(၆)မျိုးကို သိပ္ပံဆိုင်ရာမှတ်တမ်းသစ်အဖြစ် တကမ္ဘာလုံးခေါနူးစုမ်အမျိုးသားဉယျာဉ်၌သာတွေ့ရှိရကြောင်းမှတ်တမ်းသစ်ဖေါ်ထုတ်အတည်ပြုခဲ့ကြပါသည်၊အခြားအင်းဆက်ပိုးမွှားများစွာ စိတ်ဝင်စားဖွယ်ကောင်းသော နေရာဒေသဖြစ်ပြီး ဆက်လက်သုတေသန ပြုလုပ်ဖေါ်ထုတ်နိုင်မည်ဆိုလျင် မျိုးစိတ်အသစ်အဆန်းများ ထပ်မံတွေ့ရှိနိုင်မည်မှာ ဧကန်မုချပြောနိုင်ပါသည်၊ဤသို့ထူးခြားသောသိပ္ပံမှတ်တမ်းသစ်သည် နိုင်ငံတကာ သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် ကြီးမားသော ဆွဲဆောင်မှုအခွင့်အလမ်းဖြစ်လာစေပါသည်။
ချင်းပြည်နယ်၏သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် ကျန်ခရီးသွားလုပ်ငန်းဖြစ်သည့် ယဉ်ကျေးမှုနှင့်ကျေးလက်အခြေပြုခရီးသွားလုပ်ငန်းကိုပါအတူတကွ ပူးတွဲဖေါ်ဆောင်နိုင်သဖြင့် ချင်းလူမျိုးနွယ်စုအားလုံး၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ရရှိစေမည်ဖြစ်ပါသည်၊ မိမိတို့ချင်းလူမျိုးနွယ်စုအားလုံး၏အနာဂါတ်မျိုးဆက်သို့တိုင် ခိုင်မာ၍ရေရှည်တည်တံ့မည့်ဈေးကွက်စီးပွားရေးဖေါ်ဆောင်နိုင်ရန် သဘာဝ ကပေးအပ်ထားသော အဖိုးထိုက်တန်ထူးဆန်းအံ့ဖွယ် ဇီဝမျိုးစုံမျိုကွဲများဖြစ်သည့်အမွေအနှစ်ကိုပြတိုက်အဖြစ်ထိန်းသိမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးကို နံပါတ်စဉ်(၁)ဉီးစားပေး ဖေါ်ဆောင်ကြရပါမည်။
Valuable Raw- industrial Crops Production in Agroforestry Landscapes နံပါတ်စဉ်(၂)အဖြစ် ဖေါ်ပြပါ သဘာဝအမွေအနှစ်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် ယခင် Chin world Media တွင်ချင်းပြည်နယ်၏ပင်လယ်ရေမျက်နှာပြင်အလိုက်စိုက်ပျိုးဖြစ်ထွန်းနေသော Arabica ကော်ဖီ၊ထောပတ်၊ဝဉ စသည့်အဖိုးတန်စက်မှုကုန်ကြမ်းသီးနှံများ တန်ဘိုးမြှင့် စိုက်ပျိုးထုတ်လုပ်ခြင်း အဖိုးတန်သစ်နှင့်သစ်တောထွက်ပစ္စည်းများကို သစ်တောဉီးစီးဌာန၏ဉပဒေ၊နည်းဉပဒေ၊ညွှန်ကြားချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်း၊စည်ဖြင့်မိမိတို့အဖိုးတန်သဘာဝဂေဟစံနစ်နှင့်ဇီဝမျိုးစုံမိုးကွဲများထိန်းသိမ်းကာကွယ်စောင့်ရှောက်ကာ မိမိတို့လူမှုဘဝ စား ဝတ် နေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါသည်၊ Ecological Hydropower Potential နံပါတ်စဉ်(၃)အဖြစ် မိမိတို့၏မြင့်မား သောတောင်ကုန်းတောင်တန်းများမှရရှိလာသည့်မြစ် ချောင်းကြီးများ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအနဲဆုံးနည်းပညာဖြင့် ရေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ်အသုံးပြုရေးဖြစ်ပါသည်။
လွန်ခဲ့သော ၂၀၁၅-၂၀၂၀ ထိ နော်ဝေနိုင်ငံ မြန်မာသံရုံးအကူညီရယူလျက် နော်ဝေပါဝါကုမ္ပဏီ ဉက္ကဌ တို့ဖြင့်ချင်းပြည်နယ်ရှိအခွင့်အလမ်းရှိသော မြစ်ချောင်းများကို အကြိမ်များစွာကွင်းဆင်းတိုင်းတာခဲ့ကြပါသည်၊ကွင်းဆင်းတွေ့ရှိချက်အရ ချင်းပြည်နယ်အတွက် ဖူလုံသည့်အပြင် ပိုလျှံသောလျှပ်စစ်ဓါတ်အားကို အိမ်နီးချင်းနိုင်ငံများသို့ပင်ရောင်းချနိုင်ကာ ချင်းပြည်နယ်အနာဂါတ်ဖွံ့ဖြိးတိုးတက်ရေးအတွက်စီးပွားဖြစ်ထွန်း စေမည့်ရလဒ်ကောင်းအဖြစ်တွေ့ရှိခဲ့ကြပါသည်၊မိမိတို့ချင်းပြည်နယ်၏ ရှိရင်းစွဲ သဘာဝအမွေအနှစ်များသည် ချင်းလူမျိုးနွယ်စုအားလုံး၏ဖူလုံကြွယ်ဝမှုအကျိုးပြု အထောက်အပံ့ ရရှိစေရန်ခိုင်မာအားကောင်းကြောင်းသတင်းကောင်းအဖြစ်မျှဝေလိုပါသည်၊တင်ပြပါမိမိတို့ချင်းပြည်နယ်အနာဂါတ်စီးပွားရေးအခွင့်အလမ်းများအောင်မြင်ပြီးမြောက်စွာဖေါ်ဆောင်နိုင်ရန် မိမိတို့၏ရေမြေပထဝီ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာနှင့်ကိုက်ညီပြီး ခိုင်မာအားကောင်းသော ဉပဒေ မူဝါဒ စည်းမျဉ်းများ အမြန်ဆုံးချမှတ်အကောင်အထည်ဖေါ်ဘို့လိုအပ်ပါသည်၊ထိုသို့ဖေါ်ဆောင်နိုင်ရန် ချင်းပြည်နယ်ရှိအဖွဲ့အစည်းများ၊လူမျိုးနွယ်စုအားလုံး စည်းလုံးညီညွတ်စွာ တက်ညီလက်ညီကြိုးစားဆောင်ရွက်ရန်လိုအပ်ပါသည်။
ချင်းပြည်နယ်သည် မိမိတို့၏သဘာဝပထဝီအနေအထားအရ သဘာဝဂေဟစံနစ် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မည့်ဈေးကွက်စီးပွားရေးကိုသာ ရွေးချယ်ဖေါ်ဆောင်ရပါမည်၊တောင်တန်းဒေသ၏သဘာဝဂေဟစံနစ်သည် ထိလွယ်ရှလွယ် သဘာဝအနေအထားကြောင့်လူမှုဘဝဖွံ့ဖြိုးရေးရွေးချယ်ဆောင်ရွက်ရာတွင် အသိဉာဏ်ရှိရှိ ဆုံးဖြတ်ဘို့လိုအပ်ပါသည်၊ဆုံးဖြတ်မှုမှားယွင်းခြင်းကြောင့် ပြန်လည်မရရှိနိုင်သည့် ကြီးမားသောဆုံးရှုံးမှု သာဓကများစွာတွေ့ လေ့လာတွေ့ရှိနိုင်ပါသည်။
ချင်းပြည်နယ်အနာဂါတ်ခိုင်မာသောဈေးကွက်စီးပွားရေး အတွက်အဆိုပြုထားသည့် Ecotourism, Agroforestry Landscapes, Ecological Hydropower များသည် အပြန်အလှန်ချိတ်ဆက်အကျိုးပြုသည့် ဈေးကွက်စီးပွားရေးလုပ်ငန်းများဖြစ်ကြပါသည်၊လျှပ်စစ်ဓါတ်အားသည်ချင်းပြည်နယ် ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ပါသည်၊ချင်းလူမျိုးနွယ်စု၏အနာဂါတ်မျိုးဆက်များအတွက် ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး ဈေးကွက်ချိတ်ဆက်ဖွံ့ဖြိုးတိုးတက်ရေးအဆုံး မရှိမဖြစ်သောစွမ်းအင်ဖြစ်ပါသည်။
မိမိတို့ချင်းလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝကပေးအပ်ထားသောအကောင်းဆုံးသောအခွင့်အလမ်းများ ဖြစ်ပါသည်၊ဤဖိုခနှောက် စီးပွားရေး သုံးခုအားမမှိတ်မသုန် ကြိုးပမ်းနိုင်ကြစေလိုကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

