Headlines

ပလက်ဝမြို့နယ်အတွင်း တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဝင်ရောက်တာ၊ လက်ခံတာမလုပ်ဖို့ AA အမိန့်ထုတ်

စက်တင်ဘာလ ၄ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က ပလက်ဝမြို့နယ်အတွင်း တခြားလက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက်တာ၊လက်ခံတာ မပြုလုပ်ဖို့ AA ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့်အကြောင်းကြားထားတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ တဆင့် သိရပါတယ်။ “ပလက်ဝမြို့နယ်အတွင်း ဘယ်တခြားလက်နက်ကိုင်တွေကိုမှ ဝင်ရောက်တာ၊ လက်ခံတာတွေ မလုပ်ဖို့ သူတို့ခန့် အုပ်ချုပ်ရေးမှူးတွေဆီကို ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စာနဲ့အကြောင်းကြားတယ်လို့ သိရတယ် AA က ဒီပလက်ဝကို ထိန်းချုပ်ကတည်းက CNA တို့ CDF – (ပလက်ဝ)လက်နက်ကိုင်တွေကို လက်ခံချင်တာမဟုတ်ပေမယ့် အဲဒီတုန်းက အခုလို စာထုတ်အကြောင်းကြားတာမျိုးမရှိဘူး အခုမှ ပေါ်တင်စာနဲ့တကွ အကြောင်းကြားလာတာဖြစ်တယ်” လို့ ပလက်ဝဒေသခံ၁ ဦးက ပြောပါတယ်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်…

Read More

ကလေး – တမူး လမ်းကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်က ကြိုးပမ်းနေ

စက်တင်ဘာလ ၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း အိန္ဒိယ – မြန်မာနယ်စပ်ကို ဆက်သွယ်ထားတဲ့ ကလေး – တမူး ၊ အာရှလမ်းမကြီးကို အာဏာသိမ်းစစ်ကောင်မရှင်တပ်က ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ပြန်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။ ကလေး – တမူး အာရှလမ်းမကြီးဘေးမှာရှိတဲ့ ကလေးမြို့ကနေ မိုင်၂၀ ဝန်းကျင်လောက်မှာရှိတဲ့ ကံသာယာကျေးရွာထိကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားပြီး အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကစလို့ လူအင်အား၊ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူတွေနဲ့ အပြင်းအထန် တောက်လျောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။ ကလေး – တူမူးကားလမ်းမကြီးအနီးနား နေထိုင်သူတစ်ဦးက “ကံသာယာကို သိမ်းနိုင်ဖို့ အသည်းအသည် လက်နက်ကြီးတွေနဲ့ ဆိုနေ့တိုင်း အဆက်မပြတ်ချနေကြတယ် လေယာဉ်နဲ့လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း လေယာဉ်နဲ့ ချတာ…

Read More

မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးမှု တိုက်ဖျက်ရေး ၄ လကြာ အထူးစစ်ဆင်ရေးစတင်

စက်တင်ဘာလ ၃ ရက်။ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတိုက်ဖျက်ရေး အတွက် ၄ လကြာ အထူးစီမံချက်တစ်ခုကို စက်တင်ဘာလ (၁) ရက်ကနေစတင်ပြီဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်က ရဲအရာရှိတစ်ဦးပြောကြားကြောင်း India Today သတင်းဌာနက ဖော်ပြပါတယ်။ အခုမူးယစ်ဆေးဝါးမှောင်ခိုမှုတိုက်ဖျက်ရေး အထူးစစ်ဆင်ရေးကို စက်တာဘာလ (၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီစစ်ဆင်ရေးမှာ ပြည်နယ်ရဲတပ်ဖွဲ့အပြင် အကောက်ခွန်၊ မူးယစ်ဆေးဝါးဌာနနဲ့ မီဇိုရမ်ပြည်နယ်ရဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ Young Mizo Association (YMA) တို့ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး K Sapdanga က မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ မှောင်ခိုသမားတွေဟာ ခိုးမှုနဲ့တခြားပြစ်မှုတွေမှာ ပါဝင်နေတာကြောင့် လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့စစ်ဆေးရေးအရာရှိချုပ် H…

Read More

ကန်ပက်လက်ကိုဖြတ်ပြီး ပလက်ဝမြို့နယ်ဘက်ကို ကုန်ပစ္စည်းသယ်ယူတာကိုသာ ပိတ်ပင်ထားတာလို့ ဆိုင်ကယ် ကယ်ရီသမားတွေက ပြော

စက်တင်ဘာလ ၃ ရက်။ မကွေးတိုင်းကနေ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ကိုဖြတ်ပြီး ပလက်ဝမြို့နယ်၊ ဒိုင်ရ်နယ်ဘက် ကုန်ပစ္စည်းသယ်ကြတဲ့ ကယ်ရီသမားတွေကို ကန်ပက်လက်မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့်ကို ကန်ပက်လက်မြို့နယ်ကိုထိန်းချုပ်ထားတဲ့ Chin Defense Force – Kanpetlet ( CDF – Kanpetlet) ကခွင့်မပြုဘူးလို့ ဆိုင်ကယ် ကယ်ရီဆွဲနေသူတွေကပြောပါတယ်။ ဒိုင်ရ်နယ်ထဲက ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက “ကျနော်တို့ ဒိုင်ရ်ဘက်က သူတွေကိုပဲပိတ်တယ်၊ ကန်ပက်လက်မြို့နယ်ထဲက လူတွေကိုတော့ ပုံမှန်လွတ်လွတ်လပ်လပ်သွား လာနေကြတယ် ကျနော်တို့ဘက်ကလူတွေသွားလာရင်ကြတော့ လမ်းပိတ်ထားတယ်ဆိုပြီးမှ သွားခွင့်မပေးဘူး ဒီကလူတွေအများစုက ရခိုင်ကုန်သည်ပစ္စည်းတွေကို ကယ်ရီလိုက်ကြတာဆိုတော့ ရခိုင်ပစ္စည်းတွေ ပိတ်မိတာလည်းများတယ် ရခိုင်ကုန်သည်တွေဆိုတာ သူတို့ဟာသူတို့ ဆိုင်ကယ်နဲ့မောင်းပြီး သွားကြတာမဟုတ်ဘူး ကျနော်တို့ ဒိုင်ရ်ဘက်က ဆိုင်ကယ် ကယ်ရီဌားပြီးမှသွားကြတာဆိုတော့ ကျနော်တို့ကိုပိတ်မိရင်းသူတို့လည်း ပိတ်မိတာပေါ့ ဒိုင်တွေကိုပိတ်တယ်ဆိုတာထက် ဒိုင်ရ်ဘက်ကို…

Read More

ပလက်ဝမှာ ယာယီနိုင်ငံကူးလက်မှတ် AA က ထုတ်ပေးပြီး အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကိုထိန်းချုပ်လာ

စက်တင်ဘာလ ၃ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က ဩဂုတ်လကစပြီး အိန္ဒိယ – မြန်မာနယ်စပ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာကနေ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို ထိန်းချုပ်လာတယ်လို့ ပလက်ဝဒေသခံတွေကပြောပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “သြဂုတ်လကစလို့ထင်တယ် အခုလို နိုင်ငံကူးလက်မှတ်တွေလုပ်တာ အဓိက သူတို့ထိန်းချုပ်ထားတဲ့ ပလက်ဝ၊ ရခိုင်ပြည်နယ်ဘက်က လူတွေအားလုံး အိန္ဒိယနိုင်ငံ ဒီမီဇိုရမ်ပြည်နယ်ဘက်ကို သွားမယ်ဆိုရင် လုပ်ရမယ်ပေါ့ ဆေးကုသဖို့သွားရင်လည်း ပြန်လာရင် ဆေးလက်မှတ်ပြရမယ် စသဖြင့်ပေါ့ အရင်တုန်းကတော့ မရှိပေမယ့်အခုမှစတင်လုပ်တာဖြစ်တယ် သူတို့က ဒီအဝင်အထွက်တွေကို ထိန်းချုပ်ချင်လာလို့ဖြစ်မယ်” လို့ပြောပါတယ်။ အာရက္ခတပ်တော် (AA) ထုတ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ဘက်မှာတော့ အသုံးမဝင်ပေမယ့် မီဇိုရမ်ပြည်နယ်ဘက်ကို ဖြတ်သန်းသွားလာချင်သူတွေကို ရက်အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ကို…

Read More

ကလေးမြို့မှာ သြဂုတ်လအလယ်ကစပြီး စစ်မှုထမ်းခိုင်းဖို့ အမျိုးသား အယောက် ၅၀ ကျော် ဖမ်းဆီးသွားပြီလို့ ဒေသခံ တွေကဆို

စက်တင်ဘာလ ၁ ရက်။ သြဂုတ်လအလယ်ကစပြီး ကလေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ ချမ်းမြေ့အောင်စည်၊ ပင်လုံ၊ အောင်သစ္စာနဲ့ သဇင်ရပ်ကွက်တွေမှာ ပျူစောထီးနဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး စစ်မှုထမ်းခိုင်းဖို့ အမျိုးသားတွေကိုဖမ်းဆီးတာတွေလုပ် နေကာ သြဂုတ်လ ၁၇ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်အတွင်း အနည်းဆုံး အမျိုးသား အယောက် ၅၀ ကျော် ဖမ်းဆီးသွားပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ကလေးမြို့ဒေသခံ တစ်ဦးက “မြို့ပေါ်နေတဲ့ ပျူစောထီးနဲ့ရဲတွေက အဓိက လူလိုက်ဆွဲတာ စစ်တပ်က မပါဘူးဆိုပေမယ့် တစ်ခါလေ လုံခြုံရေးယူပေးတာတို့ပါတယ် စခန်းကြီးနားက လေ့ကျင့်ရေး (၁၀) အဲဒီကိုပို့တယ် ဒကစ၊ စုပေါင်းရုံးတွေမှာအရင်ထားပြီးဆေးတွေစစ် အဲဒါပြီးရင် လေ့ကျင့်ရေး ၁၀ ကိုပို့ နေ့တိုင်းလိုလို လူရရင်ရသလို ဖမ်းနေတာဘဲ…

Read More

CDF – Mara နဲ့ MDF အကြားထိတွေ့တိုက်ပွဲတွေပြန်ငြိမ်နေ

စက်တင်ဘာလ ၁ ရက်။ ချင်းပြည်နယ်၊ မရာနယ်မြေမှာ ၁ လကျော်အကြာ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ CDF – Mara နဲ့ MDF အကြား ထိတွေ့တိုက်ပွဲတွေ သြဂုတ်လ ၂၉ ရက်နေ့ကစလို့ လက်ရှိအချိန် ပြန်ငြိမ်နေတယ်လို့ CDF – Mara က Chin World Media ကိုပြောပါတယ်။ CDF – Mara ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဂျွန်လောက “လောလောဆယ် တိုက်ပွဲတွေက ငြိမ်နေတယ် ၂၉ ရက်နေ့ကစလို့ပေါ့ သူတို့ဖက်က အထိအခိုက်လေးရှိတော့ ငြိမ်သွားတယ်လို့ ထင်ပါတယ် ခုလက်ရှိက MDF / AA ဘက်က CDF ဘက် ထိုးစစ်ဖို့ပြင်ဆင်နေတာပေါ့ AA ပါတယ်လို့ ကျနော်တို့ပြောတာက အသံဖိုင်အထောက်အထားရှိလို့ပါ”…

Read More

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ဝန်ကြီးဟောင်း ဦးစိုးထက်ကို ပါတီကနေ ထုတ်ပယ်ကြောင်း NLD ထုတ်ပြန်

စက်တင်ဘာလ ၁ ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာကြောင့် NLD ပါတီကနေ ထုတ်ပယ်ကြောင်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ဒီကနေစက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကောင်စီကျင်း ပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှာ သိရှိရတဲ့ကြောင်း မင်းအောင်လှိုင်ဦးဆောင်သောစစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်၍ နိုင်ငံတော် အာဏာကိုအဓမ္မလုယူခဲ့ပြီး လွတ်လပ်သန့်ရှင်းတရားမျှတစွာကျင်းပနိုင်ခဲ့သည်ဟု ကမ္ဘာ့နိုင်ငံအသီးသီးမှ အသိ အမှတ်ပြုထုတ်ပြန်ထားခဲ့သော ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကန့်ကွက်ကာ…

Read More