
မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ချမ်ဒူပါရွာမှာ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ
စက်တင်ဘာလ ၄ ရက်။ မြန်မာနိုင်ငံ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဩဂုတ်လ ၂၉ ရက်နေ့ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တွေက လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိပြီး နောက် မကြာမီအတွင်း ချမ်ဒူပါရွာမှာ သံသယရှိသူတစ်ဦးနဲ့အတူ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးထားတယ်လို့ India Today Media က ဒီကနေ့စက်တင်ဘာလ ၄ ရက်မှာ ဖော်ပြပါတယ်။ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ စက်တင်ဘာ ၂ ရက်နေ့က လက်နက်နဲ့ ခဲယမ်းတွေ မှောင်ခိုကူးနေတယ်လို့ သတင်းရတာကြောင့် စစ်ဆင်ရေးတစ်ခုလုပ်ခဲ့ရာ သံသယရှိသူတစ်ဦးစစ်ဆေးခဲ့ရာ ၄င်းနဲ့အတူ .22 လေရိုင်ဖယ်တစ်လက်၊ .22 single-barrel သေးငယ်တဲ့ ရိုင်ဖယ်တစ်လက် (နိုင်ငံခြားလုပ်)၊ .22 ကျည်အိမ်နှစ်ခုနဲ့ .22 ကျည်ဆယ်တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိတဲ့ပစ္စည်းတွေနဲ့ သံသယရှိသူကို ထပ်မံစစ်ဆေးဖို့အတွက် လောင်တလိုင်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်မှာ လက်နက်အများအပြား ဖမ်းဆီးရမိပြီး ရက်အနည်းငယ်အကြာမှာ…