Headlines

ပလက်ဝ၊မတူပီ၊မင်းတပ်၊ကန်ပက်လက် ၄ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမှာမဟုတ်ကြောင်း ထုတ်ပြန်

စက်တင်ဘာလ ၁၄ ရက်။ ချင်းပြည်နယ်ရှိ ပလက်ဝ၊မတူပီ၊မင်းတပ်၊ကန်ပက်လက် ၄ မြို့နယ်မှ မဲဆန္ဒနယ် ပေါင်း ၁၁ ခုအပါအဝင် ရွေးကောက်ပွဲ မကျင်းပမယ့် လွှတ်တော်သုံးရပ်မှ မဲဆန္ဒနယ် ၁၂၁ နယ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စက်တင်ဘာလ ၁၄ ရက်နေ့မှာသတင်းထုတ်ပြန်ကြေညာပါတယ်။ ချင်းပြည်နယ်ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ ထဲမှ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ် နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ် ၄ ခုကိုလည်းကောင်း၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များ ထဲမှ မတူပီခရိုင်၊ မင်းတပ်ခရိုင် နှင့် ပလက်ဝ ခရိုင် မဲဆန္ဒနယ် ၃ ခုကို လည်းကောင်း၊ ချင်းပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်…

Read More

ချင်းတော်လှန်ရေးအဖွဲ့များ အုပ်စုကွဲမှုကြောင့် ဒုက္ခသည်စခန်းများမှာ အကူအညီ မညီမျှမှုများ ဖြစ်ပေါ်စေတယ်လို့ Exile Hub ရဲ့ သုတေသနစစ်တမ်းမှာဖော်ပြ

စက်တင်ဘာလ ၁၄ ရက်။ ချင်းတော်လှန်ရေးအဖွဲ့များအတွင်း အုပ်စုကွဲမှုများကြောင့် အချို့သော ဒုက္ခသည်စခန်းများမှာ အကူအညီခွဲ‌၀ေမှု မညီမျှခြင်းများ ဖြစ်ပေါ်စေသလို အစားအစာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ ၀န်ဆောင်မှုများရရှိနိုင်မှုမှာလည်း ကွာဟချက်များဖြစ်ပေါ်စေတယ်လို့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Exile Hub ရဲ့ စက်တင်ဘာလမှာ တရား၀င်ထုတ်ပြန်လာတဲ့ သုတေသနစစ်တမ်းမှာဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဟာ ပဋိပက္ခများကြောင့် မြန်မာပြည်မှ ထွက်ပြေးတိမ်းရှောင်လာသူများအတွက် ခိုလှုံရာ နေရာတစ်ခုဖြစ်လာခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများသည် စနစ်တကျမရှိပဲ ပြန့်ကျဲနေပြီး တစ်သမတ်တည်း မရှိကြောင်း Exile Hub ကဖော်ပြပါတယ်။ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် လူမျိုးရေးနှင့်နိုင်ငံရေးအမြင်ကွဲပြားမှုများကို ကျော်လွန်၍ အားလုံးပိုမိုပါ၀င်နိုင်ပြီး၊ ပိုမိုပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ပွင့်လင်းမြင်သာတဲ့ ချည်းကပ်မှုများကို ကျင့်သုံးဖို့လည်းလိုအပ်တယ်လို့ Exile Hub ကအစီအရင်ခံစာမှာ တိုက်တွန်းထားဖော်ပြထားပါတယ်။ ကူညီထောက်ပံ့ရေးကွန်ရက်များ ၀န်ပိနေသည့်အပြင်၊ အမေရိကန်ပြည်ထောင်စုမှ အမေရိကန်ဒေါ်လာ…

Read More

တောင်ဇလပ်ဂီတ တော်လှန်သံစဥ် (သို့မဟုတ်) ပျောက်ဆုံးဝိဉာဉ်ထဲက မျက်ရည်အက်ကြောင်း

By ဟာရှိန်း လွမ်းရသောနှစ်များဖြစ်ပါသည်။ ကျောင်းလမ်းထိပ်ရှိ စိန်ပန်းပြာများသည် ကျနော်တို့ တေးသီသံဖြင့်ပွင့်သောနှစ်များဖြစ်ပါသည်။ ကျနော်တို့၏ ညနေကျောင်းဆင်းချိန်များသည် ကောင်မလေးများကို မင်းနဲ့မှချစ်တတ်ပြီ ၊ရင်ခုန်ရလွန်းလို့ရူးမှာပဲ ဟု ဖိုသံပေးခဲ့ကြသော လေပြည်ညှင်းသွဲ့သံများကို တင်ဆောင်ခဲ့ကြသည်။ မင်းအတွက်အချိန်တိုင်းတွေး ဘုန်းကြီးကျောင်းက ကောင်မလေးသည် ဥပုသ်နေ့နောက်တစ်ရက် စာသင်ချိန်ဖြစ်ပါသည်။ ထို့နောက် ပြန်ဆုံမယ့်ညနေသည် ပျံဝဲရောက်ရှိလာခဲ့ပြီး ဘဝနဲ့ရင်းပြီးချစ်မယ့်သူကို ရှာဖွေခဲ့ကြသည်။ထို့နောက် လှပသော လေနှင်သူပိုးရည်ကို တိပ်ကာဗာမှဖြတ်ယူ၍ စာအုပ်ကြားညှပ်သိမ်းထားရသော နေ့များဖြစ်ပါသည်။ ထို့နောက်တွင်တော့ ထွဏ်းခမ်သည် ပျောက်ဆုံးဝိဉာဥ် အဖြစ် ရောက်လာသည်။ စွမ်းအားမှ ကျေးလက်တောတန်းဆီ နှုတ်ဆက်မျက်ရည်ဖြစ်ပါသည်။ အဆိုပါနှစ်များ၏ တခုသောဖေဖော်ဝါရီလ။ပျောက်ဆုံးဝိဥာဥ် တေးစီးရီးထွက်ပြီး များမကြာမီ ချင်းအမျိုးသားနေ့ဖြစ်ပါသည်။ထွဏ်းခမ်ရောက်လာသည်။ စတိတ်စင်ပေါ်မှ ညကောင်းကင်စက်ဝန်း၏ စန္ဒာလမင်းဆီလက်ညိုးထိုး၍ ချစ်သူ့လမင်းဟု မြည်တမ်းသံသည် ပဲ့တင်ထပ်သွားသည်။ ငါမြင်ဖူးသမျှ လမင်းတွေထဲမှာ ထွဏ်းခမ်လက်ညိုးထိုးလိုက်တဲ့ လမင်းက အသာဆုံး…

Read More

မင်းတပ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဒီနှစ်အတွင်း ၅ နှစ်အောက်ကလေး ၇ ဦးအထိ သေဆုံးခဲ့ရပြီလို့ သိရ

စက်တင်ဘာလ ၁၂ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ကလေး၊ လူကြီး ရာသီတုပ်ကွေး အဖြစ်များနေကြပြီး ဒီနှစ်အတွင်း ၅ နှစ်အောက် ကလေးငယ် (၇) ဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီလို့ မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဒေါ်မောင်းကီးရောင်က Chin World မီဒီယာကိုပြောပါတယ်။ မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဒေါ်မောင်းကီးရောင်က “ကလေး၊ လူကြီး ဖြစ်ကြတယ် မြို့ပေါ်မှာနဲနဲသက်သာတယ် နယ်ဘက်မှာဆိုရင် သွေးလွန်တုပ်ကွေး အပြင် ငှက်ဖျားပိုးလည်း တွေ့ရတယ် ဆေးကုသမှုပိုင်းကိုလည်း အတက်နိုင်ဆုံးလုပ်ဆောင်ကြတယ်။ CHO ရဲ့အကူအညီနဲ့ ကျမတို့မြို့နယ်ကျန်းမာရေး ပူးပေါင်းပြီးမှ ဆောင်ရွက်နေပါတယ် မင်းတပ်မြို့နယ်အတွင်းတော့ ဆေးကုသမှုတွေကိုတော့ လုံလုံလောက်လောက်နီးပါးလုပ်နိုင်တယ် အရင်လို ဆေးရုံ ဆေးခန်းမျိုးနဲ့ တော့ လေကြောင်းအန္တရာယ် စိုးရိမ်ရတာ၊ မြေပြင်မှာဆိုရင် ရာသီဥတုလိုမျိုးတော့ ကျမတို့အတွက်တော့ အခက်ခဲစိန်ခေါ်မှုတွေဖြစ်ပေမယ့် ဆေးကုသမှုတွေကိုတော့…

Read More

မီဇိုရမ်ပြည်က ပလက်ဝစစ်ဘေးရှောင်တွေရဲ့တောင်ယာစပါးခင်းတွေ ကြွက်တွေဖျက်ဆီးတာခံရ

စက်တင်ဘာလ ၁၂ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာမှာခိုလှုံတဲ့ ပလက်ဝစစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေရဲ့ တောင်ယာစပါးတွေကို ကြွက်တွေက အစုလိုက်အပြုံလိုက် ဖျက်ဆီးနေလို့ စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။ စစ်ဘေးရှောင် ပလက်ဝဒေသခံတစ်ဦးက “တွီဒန်းမှာ ပလက်ဝစစ်ဘေးရှောင် နဲ့ ရွာကဒေသခံတောင်ယာစပါးတွေကို ကြွက်တွေက စားသောက်ဖျက်ဆီးတာ တော်တော်လေးအခြေအနေဆိုးတယ်လို့ပြောတယ် တချို့ဆို တောင်ယာတစ်ခုလုံးပျက်စီးတာမျိုးလည်းရှိတယ် အခုက စပါးမှည့်ချိန်ဆိုတော့ မှည့်တဲ့စပါးတွေဆို ကြွတ်တွေက အကုန်ဖျက်စီးသွားတယ် မမှည့်တဲ့ဟာတွေလောက်ပဲ ကျန်တယ် ၉ လပိုင်း နဲ့ ၁၀ လပိုင်းက စပါးရိတ်သိမ်းချိန်မှာ အခုလို စပါးတွေ အဖျက်ဆီးခံရတော့ သူတို့မှာ စားနပ်ရိက္ခာအတွက်လည်း” လို့ပြောပါတယ်။ တောင်ယာစပါးတွေဟာ သြဂုတ်လကုန်ပိုင်းကတည်းကနေစလို့ မှည့်လာတဲ့ချိန် ကြွက်တွေရဲ့ စားသောက်ဖျက်ဆီးတာခံရတာဖြစ်ပြီး ဒေသခံအိမ်ခြေ ၁၅၀ ကျော်နဲ့…

Read More

ကလေးမြို့ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့ လူငယ်ရှိတဲ့အိမ်တွေကို ညအချိန်တွေမှာ အိမ်ပေါ်ထိတက်ဖမ်းနေ

စက်တင်ဘာလ ၁၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကရပ်ကွက်တချို့မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေက လူငယ်ရှိတဲ့အိမ်တွေကို ညပိုင်းမှာ နေအိမ်ပေါ်အထိ တက်ဖမ်းတာတွေလုပ်နေတဲ့အကြောင်း ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “မင်္ဂလာဥယျာဉ်ရပ်ကွက်ထဲမှာ ပျူတွေရှိတဲ့နားပေါ့ ပျူတွေကလည်းသိတယ် အဲဒီအိမ်မှာ ကလေး ၄ ၊ ၅ ယောက်ရှိတဲ့ အဖေကိုလည်း ဆွဲသွားတာ အခုထိပြန်လွတ်လာတာမျိုးတော့ မကြားသေးဘူး နောက်ပြီး စုပေါင်းရုံးမှာ ထောက်ခံစာသွားယူခဲ့တဲ့သူကတွေ့ခဲ့တယ် စစ်မှုထမ်းဆွဲထားလူတွေအများကြီးဘဲလို့ပြောတယ် အမြဲလိုလိုဆွဲနေတာဘဲ သူတို့ရင်းနှီးနေတဲ့ရပ်ကွက်တွေ သိနေတဲ့ နေရာတွေမှာရှိတဲ့သူတွေကိုဆိုရင် တခါမဟုတ် ၊ နှစ်ခါမဟုတ် အိမ်တွေမှာ လာလာဆွဲတယ်လို့ ကြားရတယ် တခြားရပ်ကွက်တွေတော့ သေချာမသိဘူးပေါ့နော်” လို့ပြောပါတယ်။ ကလေးမြို့ထဲက မဂလာဥယာဉ်ရပ်ကွက်နဲ့ အောင်သစ္စာရပ်တွေမှာ ညတိုင်းလိုလို လူငယ်ရှိတဲ့ အိမ်တွေကို တက်ပြီးဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ သြဂုတ်လကနေ…

Read More

ကလေး-တမူး ကားလမ်းမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်က ကသည်းသူပုန်အပါ (၇) ဦးကို ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်

စက်တင်ဘာလ ၁၁ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူး ကားလမ်းမကြီးဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း နန်းစောင်းပုရွာသစ်ကို စက်တင်ဘာလ ၂ ရက်နေ့က ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဘက်ကနေ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်တွေလည်း ပါဝင်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၇) ဦးထဲမှာလည်း ကသည်းသူပုန်တွေပါဝင်သလို အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ အမှတ် – ၁ စစ်ဒေသက စက်တင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က စစ်ကော်မရှင်တပ်ဘက်မှ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး…

Read More

ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီက မနေ့ညက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာလ ၁၁ ရက်။ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင်းရှိ ခါပန်းရွာကို စစ်ကောင်စီတပ်က မနေ့ညစက်တင်ဘာလ ၁၀ ရက် ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ CDF – Kanpetlet တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “ည ၁၂ နာရီဝန်းကျင်လောက်မှာ ကန်ပက်လက်မြို့နယ်အတွင်းက ခါပန်းရွာကို စကစက လေကြောင်းနဲ့ ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ပါတယ် ရွာထဲမှာရှိတဲ့ အရပ်သားပြည်သူတစ်ယောက်ပဲ အနည်းငယ် မစိုးရိမ်ရ ထိခိုက်တာရှိပါတယ် ကျန်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီဘက်က…

Read More

မလေးရှားမှာ လူသတ်မှုကျူးလွန်ခဲ့တဲ့ ချင်းအမျိုးသားတစ်ဦးကို ပထမအကြိမ် ရုံးထုတ် စစ်ဆေးနေပြီလို့သိရ

စက်တင်ဘာလ ၁၁ ရက်။ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှာ လူသတ်မှုကျူးလွန်ခဲ့တဲ့ ချင်းအမျိုးသားတစ်ဦးကို စက်တင်ဘာလ ၉ ရက်နေ့က ပထမအကြိမ် ရုံးထုတ်ပြီး အမှုကြားနာ စစ်ဆေးတာတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ Dai Community in Malaysia ကတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ကွာလာလမ်ပူမြို့၊ Kotaraya , Jalan Silang မှာ မြိုချင်းအမျိုးသားတစ်ဦးကို အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ ဒိုင်ရ်(ချင်း) အမျိုးသားက ဓားထိုးမှုကျူးလွန်ခဲ့ပြီး ဓားထိုးခံရတဲ့ မြို(ချင်း) အမျိုးသားဟာ သေဆုံးသွားခဲ့ပါတယ်။ Dai Community in Malaysia က တာဝန်ရှိသူတစ်ဦးက “အမှုဖြစ်သွားတာက ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်ကဖြစ်တယ် ကျူးလွန်သူက ရှောင်နေတော့…

Read More

မီဇိုရမ်ပြည်မှာ မူးယစ်ဆေးဝါးနဲ့အတူဖမ်းဆီးခံရလို့ ထွက်ပြေးခဲ့တဲ့ ချင်းအမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရ

စက်တင်ဘာလ ၁၀ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ပန်ခွားရွာမှာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားတစ်ဦးဟာ ထွက်ပြေးစဉ် အိန္ဒိယ – မြန်မာ နယ်စပ် Tio ချောင်းမှာ ရေနစ်သေဆုံးလျက်အလောင်းကို စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ ချင်းအမျိုးသားဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Salen ကျေးရွာက ဦးရွှေကျုံးဖြစ်ပြီး ၎င်းယာဉ်မောင်းနဲ့အတူ စက်တင်ဘာလ ၄ ရက်နေ့မှာ လောင်တလိုင်ခရိုင်၊ ပန်ခွားကျေးရွာမှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် ဖမ်းဆီးခံရစဉ် ထွက်ပြေးခဲ့တာလို့ သိရပါတယ်။ အခြေနေသိရှိသူတစ်ဦးက “ဖမ်းဆီးမိတဲ့နေ့ကတည်းက ထွက်ပြေးတာလို့သိရတယ် အဲဒီလမ်းတလျောက် ဂိတ်တွေကလည်းချထားတော့ သူက တောလမ်းကနေ ထွက်ပြေးတာလို့ပြောတယ် အဲဒါမနေ့က Vartekkai ရွာချောင်းမှာ ဒဏ်ရာများစွာနဲ့ သူ့လောင်းကို တွေ့ကြတယ်လို့ သိရတယ်”…

Read More