
ချင်းပြည်သစ်ကွန်ဂရက်ပါတီ အနေဖြင့် ချင်းပြည်နယ်မှာ နေရာအားလုံး အပြည့် ဝင်ရောက်ယှဉ်ပြိုင်ရန် နာမည်စာရင်းတင်သွင်း
စက်တင်ဘာလ ၂၄ ရက်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) အနေဖြင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒနယ် အားလုံး အလစ်လပ်မရှိ ဝင်ရောက် ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဌ ဦးစိုးထက် ထံမှ သိရှိရပါတယ်။ “ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် လေးမြို့နယ် အတွက် တော့ တင်လို့ မရဘူး။ ကျန်တဲ့ ချင်းပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးမှာ ဝင်ယှဉ်ပြိုင်နိုင်ဖို့ ပါတီကနေနဲ့ အမည်စာရင်း တင်သွင်း ထား ပါတယ်” NCC ပါတီ ဥက္ကဌ ဦးစိုးထက်မှ Chin World Media ကို ပြောကြား ခဲ့ပါတယ်။ အမည်စာရင်း တင်သွင်းသည့်…