
ဒုက္ခသည်မဟာမင်းကြီး နဲ့ ချင်းဒုက္ခသည်ကော်မတီ မနက်ဖြန်တွေ့ဆုံဆွေးနွေးဖို့ရှိတာကြောင့် နယူးဒေလီရှိ မြန်မာဒုက္ခသည်တွေ ပူးပေါင်းပါဝင်ပေးဖို့ CRC တောင်းဆို
ဩဂုတ်လ ၆ ရက်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံတာ၀န်ခံ ဒုက္ခသည်မဟာမင်းကြီး ( UNHCR Chief Of Mission ) နဲ့ ချင်းဒုက္ခသည်ကော်မတီ ( CRC) ဦးဆောင်သူတွေ မနက်ဖြန် သြဂုတ်လ (၇) ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိတာကြောင့် နယူးဒေလီရှိ မြန်မာဒုက္ခသည်တွေ စည်းလုံးညီညွှတ်စွာရပ်တည်ကြောင်း ပြသဖို့ မြန်မာနိုင်ငံသားအားလုံး မပျက်မကွက် ပါဝင်ဆန္ဒပြကြဖို့ကို CRC က ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာ တောင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။ နယူးဒေလီမြို့ရှိ မြန်မာဒုက္ခသည်တွေဟာနယူးဒေလီ ဒုက္ခသည်မဟာမင်းကြီးရုံး(UNHCR-India ) ရှေ့မှာ ဒုက္ခသည်တွေ ရရှိသင့်တဲ့ အခွင့်အရေးတွေရဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့ အထိ ရက်ပေါင်း ၂၃…