Headlines

ပလက်၀မြို့ကို ULA/AA မှ ခရိုင်အဖြစ်တိုးချဲ့ပြီး အုပ်ချုပ်ရေးဖော်ဆော်မှုသည် ကိုလိုနီပြုခြင်းဖြစ်ကြောင်း Chin Civic Movement ထုတ်ပြန်

ဩဂုတ်လ ၁၂ ရက်။ ပြည်သူတရပ်လုံးဆင်နွဲနေသည့် အာဏာရှင် တော်လှန်ရေးလမ်းခုလတ်တွင် ဒေသခံချင်းပြည်သူများ၏ ဆန္ဒမပါသည့် ULA/AA မှ ၄င်းသိမ်းပိုက်ရရှိသော ပလက်၀မြို့အား ခရိုင်တစ်ခုအဖြစ်တိုးချဲ့ကာ အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိကြောင်း ULA/AA ပြော‌ရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ဩဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုမှုသည် ချင်းပြည်သူများအပေါ် ကိုလိုနီပြုတဲ့ လုပ်ရပ်အဖြစ်ရှုမြင်သဖြင့် များစွာစိတ်ပျက်ရကြောင်း ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ ပူးပေါင်းပါ၀င်တဲ့ Chin Civic Movement (CCM) ကဩဂုတ်လ (၁၂) ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ CCM ရဲ့ထုတ်ပြန်ချက်မှာ “ချင်းအမျိုးသားရေးနှင့် ချင်းပြည်တည်ဆောက်ရေးအား ကိုယ်စားပြုမဟုတ်သော မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ လူမျိုးကိုယ်စားပြု အဖွဲ့အစည်းဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖီနေသော အုပ်ချုပ်ရေးဖော်ဆောင်မှုများကို မိမိတို့ CCM အနေဖြင့် လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း…

Read More

နယူးဒေလီမြို့ရှိ UNHCR ရုံး ရှေ့မှာ မြန်မာဒုက္ခသည် တွေဆန္ဒပြခဲ့စဉ်မှာ ကူညီပေးခဲ့တဲ့ ရဲစခန်းမှုးကို CRC က ကျေးဇူးတင်ကြောင်း လက်ဆောင်များသွားရောက်ပေးအပ်

သြဂုတ်လ ၁၂ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) မှာ မြန်မာနိုင်ငံသူ/သားဒုက္ခသည် တွေ ဒုက္ခသည်အခွင့်အရေးရဖို့အတွက် ဆန္ဒပြခဲ့စဉ်မှာ ကူညီပေးခဲ့တဲ့ နယ်မြေခံ ဗီကပ်စ်ပူရီ ရဲစခန်းမှ ရဲစခန်းမှုးနှင့် တပ်ဖွဲ့ဝင်တွေကို ချင်းဒုက္ခသည်ကော်မတီ(CRC) ဦးဆောင်သူတွေက ကျေးဇူးတင်ကြောင်း လက်ဆောင်များသွားရောက်ပေးအပ်ခဲ့တယ်လို့ သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ နယူးဒေလီရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ ရသင့်ရထိုက်သော ဒုက္ခသည်အခွင့်အရေးများအတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၇ရက်နေ့ကစလို့ ဩဂုတ်လ ၇ရက်နေ့ထိ ရုံးဖွင့်ရက်များတွင် အိန္ဒိယနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ဆန္ဒပြနေစဉ်တလျောက် နယ်မြေခံဗီကပ်စ်ပူရီ ရဲစခန်းမှ ရဲအရာရှိနှင့် တပ်ဖွဲ့ ဝင်များမှ အကူအညီများပေးခဲ့ကာ လုံခြုံရေးအနှောက်အယှက်မပေးခဲ့သည့်အပြင်…

Read More

Voices in Peace မှ ချင်းငြိမ်းချမ်းရေး ကာတွန်း၊ ပိုစတာဒီဇိုင်း၊ ပန်းချီ ပြိုင်ပွဲမှာပါ၀င်ရန်ဖိတ်ခေါ်

သြဂုတ်လ ၁၂ ရက်။ ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုအား အနုပညာ လက်ရာများမှ တဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ကြားသိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေး ကာတွန်း၊ ပိုစတာဒီဇိုင်း၊ ပန်းချီ ဖိတ်ခေါ်ပြိုင်ပွဲကို Voices in Peace (VIP) မှ ဩဂုတ်လ (၁၂) ရက်နေ့မှာစတင်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာမှာ ပြိုင်ပွဲ၀င်ရန်ဖိတ်ခေါ်ကြေငြာပါတယ်။ ပြိုင်ပွဲ၏ ရည်ရွယ်ချက်များတွင် ချင်းလူမျိုးအချင်းချင်းအကြား ပဋိပက္ခ ဖြစ်ပွားမှုကိုမလိုလားတဲ့ ချင်းငြိမ်းချမ်းရေးအား စကားလုံးများဖြင့် မပြောပြတတ်သူများ/ အခွင့်မရကြသူများအတွက် ပုံများ၊ အရုပ်များဖြင့် ဖော်ပြနိုင်ကြစေရန်၊ ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုအား အနုပညာ လက်ရာများမှ တဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ကြားသိစေရန်နဲ့ ပိုထိရောက်သော ငြိမ်းချမ်းရေး သတင်းစကားပြန့်ပွားစေရန် ရည်ရွယ်ထားတာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီ ကထုတ်ပြန်ထားပါတယ်။ ငြိမ်းချမ်းရေး ကာတွန်း/ပိုစတာဒီဇိုင်း/ပန်းချီပြိုင်ပွဲ…

Read More

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းနဲ့ မြိုလူငယ် ၁၀ ယောက်ကျော်ကို ချင်းလက်နက်ကိုင်အဖွဲ့ကလို့ယူဆရသူတွေက ဖမ်းဆီးခဲ့ပြီး ၁ ဦး ပြန်လွတ်လာတယ်လို့ သိရ

ဩဂုတ်လ ၁၂ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကုဋေကျေးရွာမှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းလူငယ်နဲ့ မြိုလူငယ် စုစုပေါင်း ၁၀ ယောက်ကျော် ကို ချင်းလက်နက်ကိုင်အဖွဲ့ကလို့ ယူဆရသူတွေက သြဂုတ်လ ၆ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကျောက်တော်မြို့နယ်က မြိုလူငယ် ၈ ယောက်နဲ့ ချင်းလူငယ်တွေကို သြဂုတ်လ ၆ ရက်နေ့ လုပ်ငန်းခွင်တစ်နေရာမှာ နေ့လည်ထမင်းစားနားနေကြတဲ့အချိန် လူမျိုးမေးပြီး အခုလို ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတာလို့ သိရပါတယ်။ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက “ကျောက်စိမ်းတူးတဲ့ ကျင်းမှာ အလုပ်လုပ်တယ်ပြောတယ် အဲဒီမှာ ရခိုင်တွေ၊ ဗမာတွေ၊ ချင်းတွေ ၊ မြိုတွေလည်းရှိတယ်တဲ့ လူမျိုးမေးတဲ့ခါ မြိုနဲ့ ချင်းတွေကို ခေါ်သွားတာတဲ့ ချင်းက…

Read More

ပလက်ဝမြို့နယ်ကို AA ထိန်းချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားကောင်းလာတယ်လို့ ပြောဆိုမှုဟာ မြေပြင် အခြေအနေနဲ့ ကွာဟ နေတယ်လို့ GKO က တုန့်ပြန်

သြဂုတ်လ ၁၁ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် ( ULA / AA) ထိန်းချုပ်လိုက်ပြီးနောက် တရားဥပဒေစိုးမိုးရေး ပိုပြီးတော့ အားကောင်းလာသလို မှုခင်းတွေလည်း ကျဆင်းလာတယ်လို့ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခရဲ့ပြောကြားမှုဟာ မြေပြင် အခြေအနေနဲ့ ကွာဟ နေတယ်လို့ ဒေသခံခူမီးချင်းမျိုးနွယ်စုအဖွဲ့ဖြစ်တဲ့ Global Khumi Organization (GKO) ဘက်က Chin World Media မှာ တုန့်ပြန်ထားပါတယ်။ ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မြေပြင်မှာ အမှန်တကယ်ဖြစ်နေတာက ဒေသခံတွေပြည်သူတွေဟာ ကျနော်တို့ အစိုးရ အုပ်ချုပ်ပြီးနောက်ပိုင်း…

Read More

တမူးမြို့နယ်မှာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊လက်နက်များသိမ်းပိုက်ရရှိကာ၊တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် (၅) ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၁၁ ရက်။ ဩဂုတ်လ ၅ ရက်မှ ၈ ရက်အတွင်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားတပ်ဦး (CNF/A)ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာသေနတ် ၉ လက်သိမ်းပိုက်ရရှိခဲ့ကြောင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း အမှတ် – ၁ စစ်ဒေသက ဩဂုတ် (၁၁) ရက် မှာသတင်းထုတ်ပြန်ပါတယ်။ တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နန်မွန်းတားရွာကို ရန်ငြိမ်းအောင်ရွာမှ ခလရ-၂၂၈ နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်တို့မှ သြဂုတ်လ ၅ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပြန်လည်တိုက်ခိုက်ခဲ့လို့ သြဂုတ်လ ၈…

Read More

CDF-Mara နဲ့ MDF တို့အကြားဖြစ်တဲ့ တိုက်ပွဲမှာ အာရက္ခတပ်တော်(AA) လုံးဝပါဝင်ပတ်သက်တာမရှိကြောင်း ULA/AA ပြော

ဩဂုတ်လ ၁၁ ရက်။ ချင်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ IMC / CDF – Mara တပ်ဖွဲ့နဲ့ MTC / Mara Defense Force ( MDF) တို့အကြား ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေမှာ CDF-Mara ထုတ်ပြန်ထားသကဲ့သို့ အာရက္ခတပ်တော်(AA)အနေနဲ့ လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရဲ့ (၁၀) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ ULA / AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မရာနယ်မြေမှာ MDF ဘက်ကနေပြီး AA က စစ်ကူတိုက်တယ်ဆိုပြီး ဒီစွပ်စွဲချက်က အခြေအမြစ်မဲ့တဲ့…

Read More

ချင်းအချင်းချင်းကြားက အမုန်းစကားမီးပွားတွေ ရှောင်ကြပါစို့လား

ဒက်စမွန် နွေဦး ညစ်ညူး သောစကား တစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏ အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။ ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်း တို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။ဧဖက်ဩဝါဒစာ ၄း၂၉-၃၂ ဇာတ်လမ်းအစ မီးပွားတွေ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီစခန်း ၂ ခုကို ပူပေါင်းတပ်ဖွဲ့သိမ်းပိုက်ပြီး ချင်းတော်လှန်ရေး…

Read More

RSD အင်တာဗျူးများကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးရန်ကတိပြုကြောင်းအပါအဝင် UNHCR နှင့် ဆွေးနွေးချက်များကို CRC-New Delhi က အသိပေးထုတ်ပြန်

ဩဂုတ်လ ၉ ရက်။ ချင်းဒုက္ခသည်ကော်မတီ(CRC) ဦးဆောင်မှုဖြင့် မြန််မာနိုင်ငံသား ဒုက္ခသည်များဟာ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ( UNHCR) ရှေ့မှာ ဒုက္ခသည်အခွင့်အရေးပေးဖို့အတွက် ၂၄ရက်တိုင်တိုင် နေပူမိုးရွာမရှောင် ဆန္ဒပြတောင်းဆိုမှုရလာဒ်အနေဖြင့် ဩဂုတ်လ ၈ရက် မနက် ၁၀နာရီမှ နေ့လည် ၁နာရီအထိ UNHCR Chief of Missoin ခေါင်းဆောင်တဲ့တာဝန်ရှိသူများနှင့် CRC (OB) များတွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကာ RSD အင်တာဗျူးများကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးရန် Chief of Mission က ကတိပြုကြောင်းအပါအဝင် ဆွေးနွေးချက်များကို ဩဂုတ်လ ၈ ရက်မှာ ချင်းဒုက္ခသည်ကော်မတီ(နယူးဒေလီ)မှ အသိပေးထုတ်ပြန်ထားပါတယ်။ ဆွေးနွေးပွဲအပြီး အချိန်ကြာလင့်စွာအကြောင်းအမျိုးမျိုးဖြင့် နှောင့်နှေးကြန့်ကြာခဲ့သော Refugee Status Determination (RSD) အင်တာဗျူးများကို မြန်မာပြည်သားများအတွက်…

Read More

ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့မှာ အခြေခံစစ်သင်တန်းတက်ရင်း သင်တန်းသား ဆလိုင်းရဲမင်းနိုင်ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်

သြဂုတ်လ ၉ ရက်။ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) မှာ အခြေခံစစ်ပညာသင်တန်း တက်ရောက်နေရင်း ရုတ်တရက် နေမကောင်းဖြစ်လို့ သင်တန်းသား ဆလိုင်းရဲမင်းနိုင်သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ CDF – Asho က သြဂုတ်လ ၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဆလိုင်းရဲမင်းနိုင်ဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်ရန်အတွက် သင်တန်းတက်နေစဉ်အတွင်း နေမကောင်းဖြစ်လို့ ရုတ်တရက်ကျဆုံးခဲ့ရတာကြောင့် အခုလို ဆုံးရှုံးမှုဟာ ချင်းကာကွယ်ရေးတပ် – အရှိုအတွက် အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုဖြစ်ပြီး စုဆောင်းရေးကာလနှင့် သင်တန်းကာလအတွင်း ပေးအပ်လာတဲ့ တော်လှန်ရေးတာဝန်တွေကို အသက်နှင့် ခန္ဓာစွန့်ပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုအနေနဲ့ များစွာ…

Read More