စိတ်ဓာတ်၏ ပင်ပန်းနွမ်းနယ်မှုနှင့် တော်လှန်ရေး၏ အမြန်နှုန်း
“ရုံးမတက်နှင့် ရုန်းထွက်”“အိမ်မှာနေပါ ဇိမ်နှင့်ဇိမ်နှင့်” ကြားခဲ့ဖူးသောစကားလုံးများကအိမ်မက်ပမာ… ပြည်သူတွေကကျွေးထားမယ် ဆိုသည့်စကားများကြောင့် CDM လုပ်ခဲ့ကြသည်မဟုတ်။ စစ်အာဏာရှင်ကိုမကြိုက်၍ ၊ စစ်အာဏာရှင်အောက်မှာ မနေလို၍ မိမိတို့ ခံယူချက်ဖြင့် ရာထူး လစာ အခွင့်အလမ်းများအားလုံးကို စွန့်လွှတ်ကာ အာဏာရှင်ဆန့်ကျင်ရေးလမ်းကြောင်းကိုလျှောက်ခဲ့ကြခြင်းဖြစ်သည်။ အများစုကခြောက်လ တစ်နှစ်ခန့်သာကြာမည်ဟု ထင်ခဲ့ကြသော်လည်း စစ်တပ်မှ ကြိုတင်ကြံစည်မှုနှင့် အာဏာသိမ်းခြင်းဖြစ်၍ လေးနှစ်ကျော်ကာလအတွင်းမပြုတ်ကျနိုင်သေးပါ။ ဤကာလအတွင်း CDM များ မည်ကဲ့သို့ ရှင်သန်ရပ်တည်ကြသနည်း။ တော်လှန်ရေး အစပိုင်းတွင် ဦးဆောင်ဦးမှုပြုခဲ့ကြသော CDM များအရေးကို ယခုတွင်မည်သူမျှဂရုမစိုက်၊စိတ်မဝင်စားကြတော့။ အချို့မှာပင်ပန်းခက်ခဲသော၊ မိမိတို့မကျွမ်းကျင်သော အသက်မွေးဝမ်းကြောင်းများကို ပြောင်း၍လုပ်ကိုင်ရသည်။ တစ်ချို့မှာ အလုပ်အကိုင်မရှိ မိဘဆွေမျိုးများအထောက်အပံ့ဖြင့် နေကြရသည်( အချို့မှာ မျက်နှာငယ်စွာဖြင့်)။ တစ်ချို့မှာ မိမိတို့ချစ်ရသောတိုင်းပြည်ကိုပင်စွန့်ခွာ၍ အသက်ရှင်ရပ်တည်နိုင်ရန်အလို့ငှာ တိုင်းခြားပြည်ခြားတွင် အလုပ်သမားဘဝ ရောက်ခဲ့ကြရသူတွေ ဒုနှင့်ဒေး။ ချင်းပြည်နယ်တွင်ကျန်ရှိနေသေးသော…

