
CNO/CNDF နဲ့CDF – Hualngoram တို့ နှစ်ဘက် တွေ့ဆုံပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာဖို့ Chinland Council နဲ့ ချင်းညီနောင်အဖွဲ့ တိုက်တွန်း
ဇူလိုင်လ ၃ ရက်။ လတ်တလောမှာ ဖလမ်းမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာမှုဖြစ်ပွါးနေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)နဲ့ Chinland Council အဖွဲ့ဝင် CDF – Hualngoram တို့ နှစ်ဘက် တွေ့ဆုံပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာဖို့ Chinland Council နဲ့ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၃ ရက်မှာ တိုက်တွန်းကြောင်းထုတ်ပြန်ချက်အသီးသီးထုတ်ပြန်လိုက်ပါတယ်။ CDF – Hualngoram နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ကြား လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခအပေါ် ချင်းညီနောင်အနေနဲ့လည်း ပါဝင်ပတ်သက်မှာမဟုတ်သလို တခြားပြင်ပတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပတ်သက်ခြင်းကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း CNDF အဖွဲ့ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။ စေ့စပ်ဆွေးနွေးမှုတွေမပြေလည်ဘဲ အချင်းချင်းသဘောထားတင်းမာမှုတွေကနေ အပြန်အလှန်ပစ်ခတ်မှုတွေထိ ပဋိပက္ခဖြစ်ပွားနေတဲ့ပေါ်…