
ရိဒ်ခေါဒါရ်မြို့ကို CNO / CNDF က သိမ်းပိုက်ပြီး CNO / CNDF ဌာနချုပ်ကို CNF/A က ပြန်သိမ်းတယ်လို့ CNO/CNDF ကဆို
ဇူလိုင်လ ၇ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်က ဖလမ်းမြို့နယ်၊ရိဒ်ခေါဒါရ်မြို့ကို ဇူလိုင် ၅ ရက်က ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/ CNDF) က သိမ်းပိုက်လိုက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF/CNA) ကလည်း မနေ့ ဇူလိုင် ၆ ရက်မှာ ဖလမ်းမြို့နယ်ထဲက CNO/CNDF ဌာနချုပ်ကို ပြန်သိမ်းလိုက်တယ်လို့ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ကျတော်တို့ ရိဒ်ခေါဒါရ်အကုန်လုံးကို ကျနော်တို့ CNO/ CNDF က ထိန်းချုပ်ထားတဲ့ အခြေအနေမှာရှိပါတယ် အခုလက်ရှိအခြေနေမှာ မနေ့ညက CNA က ဘာမှမဆိုင်ဘဲနဲ့ ကျနော်တို့ ဌာနချုပ်ဘက်ကို အလစ်ငိုက် သိမ်းသွားတာရှိပါတယ် နောက်ပြီး ဖလမ်းဘက်ကိုလည်း သိမ်းဖို့ရန်အတွက် ချီတက်လာတာရှိပါတယ်” လို့ပြောပါတယ်။ HPO/CDF-Hualngoram ထိန်းချုပ်ထားတဲ့…