မီဇိုရမ်ပြည်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ချင်းစစ်ဘေးရှောင်တွေအတွက် မီဇိုလူငယ်အသင်းက ရူပီးငွေ ၆ သိန်းဖိုးလှူဒါန်း
ဇူလိုင်လ ၁၀ ရက်။ ဇူလိုင်လဆန်းကစပြီး ဖလမ်းမြို့နယ်အတွင်းမှာ ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်း ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာတဲ့သူတွေအတွက် ဗဟိုမီဇိုလူငယ်အသင်း ( Central Young Mizo Association – CYMA) က အိန္ဒိယ ရူပီးငွေ ၆ သိန်းဖိုးထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ All India Radio News Aizawl ရဲ့ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။ အိန္ဒိယ – မြန်မာ နယ်စပ် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့ကစလို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/ CNDF) နဲ့ CDF…

